မကွေးတိုင်း ဂန့်‌ဂေါမြို့အနီးတွင် အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

0
145

ယနေ့ ဇန်နဝါရီ (၁၂)ရက် နံနက်ပိုင်းက မကွေးတိုင်း၊ ဂန့်‌ဂေါမြို့အနီးသို့ ဗဟိုပြုကာ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့် အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦး စီးဌာနမှ ဇန်နဝါရီ (၁၂) ရက် နံနက်ပိုင်းက ထုတ်ပြန်ချက်အရ သိရသည်။

ဇန်နဝါရီ (၁၂) ရက်၊ မြန်မာစံတော်ချိန် နံနက် (၈)နာရီ၊ (၂၃) မိနစ်၊ (၂၀)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်း၏ အ ရှေ့ဘက် (၂၈) မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံပြည်တွင်း ဂန့်‌ဂေါမြို့၏ မြောက်-အနောက်မြောက်ဘက် (၃၄)မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် (၂၂.၆၇) ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉ ၄.၀၄)  ဒီဂရီ၊ အနက် (၇၆)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၂) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုး/ဇလမှ ထုတ်ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here