ဂေါ်ရမ်ဂျီကျွန်းသို့ ဒီဇင်ဘာလအတွင်း ခရီးသွားစိတ်ဝင်စားမှု မြင့်တက်ကာ လာရောက်လည်ပတ်သူများခဲ့

0
390

ယခင်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်အတွင်းရှိဂေါ်ရန်ဂျီ ကျွန်းသို့ လမ်းခရီး သွားလာရ ခက်ခဲမှုများကြောင့် ခရီးသွားလာမှုနည်းပါးသော်လည်း  ပြီးခဲ့သည့် ဒီဇင်ဘာလ ရုံးပိတ်ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားဒေသများမှ ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်ခဲ့ကြကြောင်း ဂေါ်ရန်ဂျီ လမ်းညွှန်တစ်ဦးက ပြော သည်။

“လာတဲ့သူတွေကတော့ နေရာဒေသအမျိုးမျိုးက ရှိပါတယ်။ ကျွန်တော်နဲ့သွားတဲ့ ဧည့်သည်တွေကျတော့ ကချင်၊မိုးကုတ် ၊ ရှမ်း၊ မူဆယ်၊ လားရှိုးဘက်တွေက ခရီးသွားတွေပါ” ဟု ဆို သည်။

ယခင်ကာလကဲ့သို့ ခရီးသွားလာမှု များပြားခြင်းမရှိသော်လည်း ယခုကဲ့သို့ ခရီးသွား ပြန်လည်ဝင်ရောက်လာခြင်းသည် ဝမ်းသာစရာ တစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အရင် ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၀ လောက်ကလို ခရီးသွားလာမှု ပြန်ပြီးမများသေးပေမယ့် ဒီနှစ်မှာ ပြန်ပြီးစိတ်ဝင်စားလာကြတယ်။ ၂၀၂၁ ကာလ၊ ၂၀၂၂ အစောပိုင်းကာလတွေကဆိုရင် အခြေအနေ အမျိုးမျိုးကြောင့် ခရီးသွားလာမှုတွေ သိပ်မရှိခဲ့ဘူး”ဟု ဆက်လက်ပြောကြားသည်။

ဂေါ်ရန်ဂျီကျွန်းသို့ သွားလာရခက်ခဲခြင်းကြောင့် အသွားအလာကျဲသော်လည်း လက်ရှိတွင် လမ်းခရီး ကောင်းမွန်လာသဖြင့် ကိုယ်ပိုင်ကားများဖြင့် လာရောက်လည်ပတ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here