အခွန်ကင်းလွတ်ခွင့်ရရှိသည့် ကာလအတွင်း ပြောင်းပမာဏ တိုးမြှင့်တင်ပို့မည်

0
133

ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိသည့်ကာလအတွင်း ပြောင်းတင်ပို့မှုကို အရှိန်တိုးမြှင့်တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

လာမည့် ဖေဖော်ဝါရီလမှ ဩဂုတ်လအထိ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ရရှိထားပြီး ယခင်တင်ပို့နေသည့် ပမာဏထက် ပိုမိုတင်ပို့နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပြောင်းဆံများကို နှစ်စဉ် ဖေဖော်ဝါရီလ (၁)ရက်မှ သြဂုတ်လ (၃၁) ရက်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းတင်ပို့မှုမှာ ပြောင်းတ န်ချိန် ၁ ဒသမ ၇သန်းနီးပါး တင်ပို့ထားကြောင်း သိရသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်၏ ဇန်နဝါရီလမှ ဧပြီလအထိ ပြည်ပဈေးကွက်သို့ ပြောင်းတန်ချိန် ခုနှစ်သိန်းဝန်းကျင်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ တစ်နှစ်လျှင်  စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန် ၂ ဒသမ ၃ သန်းနှင့်  ၂ ဒသမ ၆ သန်းကြားထွက်ရှိကြောင်း ပြောင်းစိုက်ပျိုးထုတ်လုပ်သူများထံမှ သိရသည်။

ပြည်ပသို့ ပြောင်းတင်ပို့မှု အနေဖြင့် ထိုင်းနှင့် တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေး စခန်းများကတဆင့် တင်ပို့ပြီး ပင်လယ်ရေကြောင်းကနေ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယမ်နမ်၊ ဘင်္ဂလားဒေ့်နှင့် အာဖရိကတို့ကို  တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here