ကုန်သွယ်ဖက်နိုင်ငံများနှင့် ဆက်ဆံမှုများ တိုးတက်အောင် ကြိုးပမ်းရန် စီး/ကူး ပြည်​ထောင်စုဝန်ကြီးတိုက်တွန်း

0
112

ကုန်သွယ်မှု ကဏ္ဍပိုမိုဖွံ့ဖြိုးတိုးလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန် အောင်ကြိုးပမ်းဆောင်ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြ ည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၂၀၂ ၃-၂၀၂၄ ဘဏ္ဍာနှစ်၊ တတိယသုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပို့ကုန်တိုးမြှင့်တင်ပို့ရေး၊ ကုန်သွယ်မှုပမာဏလျာထားချက်များ ပြည့်မီအောင်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရေး၊ မြန်မာ့ထုတ်ကုန်များအရည်အသွေး ပိုမို ကောင်းမွန်စွာ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးကူညီပေးရေးနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ထို့အပြင် ကုန်သွယ်မှုကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးလာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရာတွင် အာဆီယံနှင့် ဒေသတွင်းနိုင်ငံများနှင့်သာမက နိုင်ငံတကာ ကုန်သွယ်ဖက်နိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံမှုများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ရေးနှင့် ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရေးအတွက်ဆောင်ရွက်သွားရေး၊ အားနည်းချက်များကို ပြင်ဆင်ဖြည့်ဆည်း၍ အားသာချက်များကို  အသုံးပြုဆောင်ရွက်ရေးတို့ကိုလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို့ လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း၊ သတ္တုတွင်းပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချော၊ အခြားကုန်ပစ္စည်းများကို တင်ပို့လျက်ရှိပြီး ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုပစ္စည်း၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ လူသုံးကုန်ပစ္စ ည်း၊CMP ကုန်ကြမ်း စသည်တို့ကို အဓိက တင်သွင်းနေခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here