ပြည်ပသို့ ပို့မည့် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁တန်ခွဲခန့်ကို တပ်မတော်(ရေ)မှ ဖမ်းဆီးရမိ 

0
226

မြန်မာ့ပင်လယ်ပြင်မှတဆင့် ပြည်ပသို့ ပို့ဆောင်မည့် ငွေကျပ် ၃၆ ဒသမ ၂၅ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) (၁ ဒသမ ၄၅ တန်)ကို တပ်မတော်(ရေ)မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

တပ်မတော်(ရေ)မှ ပြီးခဲ့သည့် ဇန်နဝါရီလ (၄)ရက် ညနေ (၃) နာရီခွဲအချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့ တောင်ဘက် (၁၃၅) မိုင်ခန့်အကွာ၊ ပင်လယ်ပြင်(ခန့်မှန်းမြောက်လတ္တီတွတ် ၁၄ ဒီ ၀၀ မိနစ်၊ အရှေ့လော င်ဂျီကျု ၉၅ ဒီ ၂၁ ဒသမ ၉ မိနစ်) ၌ အလျား (၅၄) ပေ (၁၀) လက်မ၊ အနံ (၁၁) ပေ၊ ရေစူး (၄) ပေခန့်အရွယ်(သစ်သားကိုယ်ထည်) ရန်လင်းကျော်(၄)အမည်ရှိ စက်လှေအား စစ်ဆေး ရှာဖွေခဲ့ကြောင်း သိရသည်။ 

ထိုသို့ စစ်ဆေးရှာဖွေခဲ့ရာ စက်လှေပေါ်တွင် အောင်သိန်း (ခ) ဝတုတ်၊ တူးနိုင်၊ မောင်ဇော်နှင့် ဖိုးလပြည့်တို့ (၄) ဦးနှင့်အတူ ကာလတန်ဖိုးငွေကျပ် (၃၆ ဒသမ ၂၅ ဘီလီယံ) တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) (၁ ဒသမ ၄၅ တန်) ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

ထပ်မံစစ်ဆေးချက်အရ ဇန်နဝါရီလ (၇) ရက် ည (၁၁) နာရီခွဲအချိန်တွင် အိုက်စ်(မက်သ်အဖက်တမင်း) များ သယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ စိုးကျော်(ခ)စိုးစိုးကျော် အား တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ကမ်းနီးတံတားတိုဆိပ်ကမ်းတွင် ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် အိုက်စ်(မက်သ်အဖက်တမင်း)များမှာ ဟိုင်းကြီးကျွန်းမြို့၏ အရှေ့တောင်ဘက် (၁၃၅) မိုင်ခန့်အကွာ ပင်လယ်ပြင်မှ ကော့သောင်းရေပိုင်နက်သို့ သယ်ဆောင်ကာ ထိုမှတစ်ဆင့် ပြည်ပသို့ ဆက်လက်ပို့ဆောင်မည့်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရသည်။

ထို့ကြောင့် အိုက်စ်(မက်သ်အဖက်တမင်း) များ တာဝန်ခံသယ်ဆောင်သူများဖြစ်သည့် ချစ်ထူးနိုင်(ခ ) ဆရာချစ်နှင့်ကျော်ဇင်ဦးတို့ပါ တရားခံ (၇) ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here