ဖိလစ်ပိုင်နိုင်ငံသူ MMA ဖိုက်တာက ရိုးရာလက်ဝှေ့ ဝိတ်တန်းတူသူ မည်သူနှင့်မဆို ယှဉ်ပြိုင်ချင်ကြောင်း ဆို

0
180

ဖိလစ်ပိုင်နိုင်ငံသူ MMA ဖိုက်တာ France Antonith Brutas က မြန်မာ့ရိုးရာလက်ဝှေ့ရှိ ဝိတ်တန်းတူသူ မည်သူနှင့်မဆို ယှဉ်ပြိုင်ချင်ကြောင်း ဆိုထားသည်။

ယင်းအတွက် မြန်မာနိုင်ငံအတွင်း ရိုးရာလက်ဝှေ့ပွဲများစီစဉ်ဆောင်ရွက်ပေးနေသော ANSသို့ ဆက်သွယ်အကြောင်း ကြားလာသည်ဟု ANS ဖေ့ဘွတ်စ် လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့ က အသိပေးထားသည်။

ဖိလစ်ပိုင်သူ ဖိုက်တာ France Antonith Brutas သည် အသက် (၂၁)နှစ်အရွှယ် အရပ် (၅)ပေ(၁)လက်မရှိသူဖြစ်ပြီး၊ ပေါင် 105 ပေါင် ( ၄၈) ကီလိုတန်းရှိသူတစ်ဦးဖြစ်သည်။

၎င်း အနေဖြင့် ဝိတ်တန်းတူသူ မည်သူနှင့်မဆို စိန်ခေါ်ယှဥ်ပြိုင်ထိုးသတ်ချင်သည်ဟု ANS ကတဆင့်  အသိပေးအ ကြောင်းကြားလာသည်ဟုဆိုသည်။

France Antonith Brutas အား MMA ဖိုက်တာလောကတွင် Lion Princess ဟု နာမည်ကျော်ကြားကာ MMAတွင် (၃)ပွဲကစားထားပြီး ရှုံးပွဲမရှိသေးသူတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်း အနေဖြင့် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နိုဝင်ဘာ (၂၄)ရက်က MMA တွင် နောက်ဆုံးပွဲစဉ် အဖြစ်ထိုးသတ်ယှဉ်ပြိုင်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here