နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို (၃)ရက်ကြာ ကျင်းပမည်

0
144

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လေးရှီးမြို့ ဘောလုံးကွင်း၌ ဇန်နဝါရီ (၁၄)ရက်မှ စတင်၍ ဇန်နဝါရီ (၁၆) ရက်အထိ (၃) ရက်တိုင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နာဂရိုးရာ နှစ်သစ်ကူးပွဲ‌တော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်အဖွဲ့၏ အနီးကပ်ကြီးကြပ်မှုများဖြင့် ပြင်ဆင်နေကြောင်း သိရသည်။

ထို့အပြင် လေရှီးမြို့နယ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပရေးဆပ်ကော်မတီဝင်များ၊ မြို့နယ်နာဂရိုးရာ စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲဝင်များ၊  ဒေသခံတိုင်းရင်းသား ပြည်သူများ စုပေါင်းအင်အားဖြင့် ပွဲတော်ကျင်းပနိုင်ရေးဆောင်ရွက်နေကြောင်း နာဂပွဲတော်ကျင်းပရေးကော်မတီ နာယက ဦးရှီးသီးက ရှင်းပြသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲ‌တော်ကို လေရှီးမြို့ မုခ်ဦးအဝင်မှစ၍ ပွဲတော်ကျင်းပမည့် ကွင်းအထိ MSME အသေးစား ဒေသထွက် ကော်ဖီနှင့် လက်ဖက်၊ ဝိုင်အရောင်းပြခန်းများ၊ ရိုးရာယက်ကန်းရက်လုပ်ခြင်းပြခန်းများ၊ စိုက်ပျိုးရေး ဦးစီးဌာန ပြခန်းများ၊ အားကစားပြိုင်ပွဲများ၊ ရိုးရာယဉ်ကျေးမှုပြခန်းများ၊ အကများ၊ ရိုးရာဝတ်စားဆင်ယင်မှု ပြသခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးစီစဉ်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here