မြိတ်ကျွန်းစုခရီးစဉ်များသို့ ပြည်တွင်းခရီးသွား အများဆုံးလာရောက်လည်ပတ်မှုရှိဟုဆို

0
223

တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ မြိတ်ကျွန်းစု ခရီးစဉ်ကို ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင် ပြည်တွင်းခရီးသွားများလာရောက်လည်ပတ်မှုရှိကြောင်း မြိတ်ခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။

မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းများကို ကိုဗစ်ကာလအတွင်း ရပ်နားခဲ့ရာမှ ၂၀၂၃ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းမှစတင်ပြီး ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြိတ်ကျွန်းစုခရီးစဉ်ကို ရန်ကုန်နှင့် မန္တလေးမှ ပြည်တွင်းခရီးသွားများ အများဆုံးလာရောက်လည်ပတ်လျက်ရှိကြောင်း သိရသည်။

မြိတ်ကျွန်းစုအတွင်းရှိ နာမည်ကြီးသည့် ကျွန်းခရီးစဉ်များ လည်ပတ်နိုင်ရန်အတွက် လေးကျွန်း၊ သမီးလှ၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်းကျွန်း၊ ကြယ်လိပ်၊ ဘေလီစသည့် ခရီးစဉ်များကို စီစဉ်ထားပြီး ခရီးစဉ်နှုန်းထားများကို လူတစ်ဦးလျှင် ငွေကျပ်နှစ်သိန်းမှ သုံးသိန်းခွဲအထိ သတ်မှတ်ထားကြောင်း သိရသည်။

ကျွန်းပေါင်း ၈၀၀ ကျော်ရှိသည့် မြိတ်ကျွန်းစုဒေသအတွင်း ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအနေဖြင့် ရေပေါ်ရေအောက်ရှုခင်းများ၊ လှပသော သဲသောင်ပြင်များပါဝင်သည့် ကျွန်းများ၊ ဆလုံလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံတမ်းများနှင့် လူနေမှုဘဝနေထိုင်မှု ပုံစံများကို လေ့လာနိုင်မည့်အပြင် ရေကူးခြင်း၊ ဒေသသုံးလှေငယ်များဖြင့် သဘာဝဒီရေတောများကိုလည်း လေ့လာနိုင်ခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေများနှင့်လိုက်ပါ၍ ငါးဖမ်းခြင်းလုပ်ငန်းများကိုလည်း လေ့လာလည်ပတ်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here