မုံရွာမြို့တွင် ရေတွင်းဟောင်းထဲ ပြုတ်ကျခဲ့သည့် နွားအား မီးသတ်မှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

0
140

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရေတွင်းဟောင်းထဲပြုတ်ကျခဲ့သော နွားအား မီးသတ်တပ်ဖွဲ့မှ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်၊ ဗိုလ်တေဇလမ်း နေအိမ်ရှိ ရေတွင်းဟောင်းထဲသို့ ယနေ့ ညနေ (၅) နာရီ (၁၅) မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရေတွင်းဟောင်းထဲသို့ နွား(၁)ကောင် ပြုတ်ကျနေကြောင်း အကူညီတောင်းခံလာသည့်အတွက် မုံရွာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ညနေ (၆) နာရီ (၅) မိနစ်အချိန်တွင် နွားအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မီးဘေးအပါအဝင် သဘာဝဘေးနှင့် ရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များကြုံတွေ့လာပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံသို့ အရေးပေါ်အကူအညီ တောင်းခံနိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here