အုတ်တွင်းမြို့နယ်တွင် ကားနောက်ဆုတ်ရာမှ ယာဥ်တိုက်မှုဖြစ်ပွားကာ ကားအောက်အိပ်နေသူတစ်ဦး ကြိတ်မိ‌ေ-သဆုံး

0
123

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် ကားနောက်ဆုတ်ရာမှ ယာဥ်တိုက်မှုဖြစ်ပွားကာ ကားအောက်အိပ်နေသူတစ်ဦး ကားကြိတ်မိ‌၍ ေ-သဆုံးမှုဖြစ်ပွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။

အဆိုပါ ဖြစ်စဥ်သည် အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင် OK စက်သုံးဆီဆိုင် ကားနားနေရန် လုပ်ပေးထားသော နေရာတွင် ယနေ့နံနက် (၅) နာရီ (၂၀) မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တွဲကားကြီးက အနောက်ကို ဆုတ်တာ။ ဆုတ်နေရင်းနဲ့ ရပ်ထားတဲ့ အနောက်က Hyundai 14 ပေကားကို တိုက်မိတယ်။ တိုက်မိတော့ ကားကနေရာက ရွေ့သွားပြီး ကားအောက်က အိပ်နေတဲ့ သူခေါင်းကို ကြိတ်မိသွားတာပါ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦး၏ ပြောပြချက်အရသိရသည်။

အဆိုပါ ဖြစ်စဥ်ကြောင့် ညအိပ် ရပ်နားထားသည့် Hyundai 14 ပေ ကားအောက်တွင် အိပ်နေသည့် ကိုရဲအောင် (နေပြည်တော်နေသူ) မှာ ဦးခေါင်းပြား၍ ေ-သဆုံးသွားသည့်အတွက် အလောင်းအား ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ သွားရောက်သယ်ဆောင်ကာ အုတ်တွင်းဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ကူညီပေးခဲ့ရကြောင်း သိရသည်။

ဓာတ်ပုံ – ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here