ရိုးရာယက်ကန်းထည်များကို ပြည်တွင်း၌ စိတ်ဝင်စားမှုရှိနေပြီး ရောင်းအားပုံမှန်ရှိနေ

0
195

မြန်မာ့ရိုးရာ ယက်ကန်းထည်များကို ပြည်တွင်းပြည်ပစိတ်ဝင်စားမှုရှိနေကြောင်း ရက်ကန်းချည်ထည်အမျိုးမျိုး ရောင်းဝယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။

“ယက်ကန်းထုတ် ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ အခြေအနေကတော့ ပြည်တွင်းစိတ်ဝင်စားမှုရှိပါတယ်။ ထိုင်းဘက်က မြန်မာတွေမှာတာ တွေလည်းရှိတယ်။ အဝယ်လိုက်တာတွေလည်း ရှိတယ်”ဟု ရက်ကန်းချည်ထည်အမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်တစ်ဦးက ပြောသည်။

မြစ်ကြီးနား၊ ရွှေဘို၊ မန္တလေးနှင့် ကန့်ဘလူဒေသများသည် မြန်မာရိုးရာ ယက်ကန်းရုံအများဆုံးရှိသည့် ဒေသများဖြစ်ပြီး ထိုမှတစ်ဆင့် ကျားဝတ်၊ မဝတ်လုံချည်များ၊ ဗမာချည်ထည်များ၊ အညာစောင်များ၊ ကချင်လုံချည်များ စသည်ဖြင့် ရက် ကန်းထည်အမျိုးမျိုးကို ဖြန့်ချိလျက်ရှိကြောင်း သိရသည်။

ထို့အပြင် ယက်ကန်းထည်များအနေဖြင့် ရန်ကုန်တွင် ဈေးကွက်ရှိနေသလိုနိုင်ငံခြားသားများကလည်း စိတ်ဝင်စားမှုရှိနေကြောင်း ၎င်းက ပြောသည်။

“နိုင်ငံခြားသားတွေက မြန်မာ့ယက်ကန်းနဲ့လုပ်တဲ့ အထည်တွေကို Hand made လို့ခေါ်ကြတယ်။ သူတို့ရဲ့အိမ်တွင်းအလှဆင်တဲ့နေရာတွေမှာ တန်ဖိုးထားသုံးကြတာရှိတယ်။ ဥပမာ စားပွဲခင်းတို့၊ ပုဝါတို့ ဆိုလို့ရှိရင် ဧည့်ခန်းအလှဆင်နေရာတွေမှာ သုံးကြတယ်”ဟု ရက်ကန်ထည် အမျိုးမျိုး ရောင်းဝယ်ရေးလုပ်ငန်းရှင်က ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here