မုဒုံတွင် တက္ကသိုလ် ကျောင်းကြိုပို့ကား တိမ်းမှောက်မှုကြော င့် ကျောင်းသူ/ ကျောင်းသားများ အပါအဝင် (၁၃) ဦး ထိ ခိုက်ဒဏ်ရာရ

0
154

မွန်ပြည်နယ်၊ မုဒုံမြို့၊ ကော့ခပုံကျေးရွာ၊အဇင်း စိုက်ပျိုးရေး ခြံရှေ့တွင် တက္ကသိုလ်ကျောင်းကြိုပို့ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကျောင်းသူ/ ကျောင်းသားများ အပါအဝင် (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းများမှ သိရသည်။

အဆိုပါ ကျောင်းကြိုပို့ကားမှာ မော်လမြိုင်တက္ကသိုလ်မှ တက္ကသိုလ်ကျောင်းသား/သူ (၁၃) ဦးကို ဇန်နဝါရီ (၁၂)ရက် ညနေပိုင်းက တင်ဆောင်မောင်းနှင်လာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မောင်းနှင်လာရာ ညနေ (၃)နာရီခွဲတွင် မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာ၊ မော်လမြိုင်-သံဖြူဇရပ်ကားလမ်း၊ မိုင်တိုင်အမှတ် ၁၅/၀ နှင့် ၁၅/၁ အကြား ကော့ခပုံကျေးရွာ ၊ အဇင်းစိုက်ပျိုးရေးခြံ အရှေ့အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကျော်ပေါ်သို့ ရောက်ရှိကာ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအပါဝင်အမျိုးသား (၄)ဦး၊ အမျိုးသမီး (၉)ဦး စုစုပေါင်း (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး (၁)ဦးမှာ စိုးရိမ်ရကြောင်း သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီရေး အသင်းများမှ သိရသည်။

ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူများကို မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ အရေးပေါ်ယာဉ် (၃)စီး၊စေတနာရှင်လူမူကူညီရေးအသင်း(သံဖြူဇရပ်မြို့)အရေးပေါ်ယာဉ်(၁)စီး၊ သစ္စာပန်းခင်း အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ အရေးပေါ်ယာဉ်(၂)စီးဖြင့် သွားရောက်ကာ လူနာများ သွေးလွန်သွေးလန့်မှု မဖြစ်စေရန်အတွက် ရှေ့ဦးသူနာပြု နည်းစနစ်ဖြင့် ပြု စုပေးပြီး မုဒုံပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဒဏ်ရာရလူနာအချို့ကို တာဝန်ကျ ဆရာမ၏ ညွန်ကြားချက်အရ မုဒုံပြည်သူ့ဆေးရုံမှ မော်လမြိုင်ပြည်နယ် ဆေးရုံကြီးသို့ မြန်မာ့လူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နှင့် သစ္စာပန်းခင်းအရေးပေါ်ကယ် ဆယ်ရေးအဖွဲ့တို့မှ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here