အမေရိကန်နဲ့ ဗြိတိန်တို့ရဲ့ တိုက်ခိုက်မှုတွေအပြီး ယီမင်မှာ ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်

0
168

ပင်လယ်နီရေပြင်မှာ သွားလာတဲ့ ကုန်သင်္ဘောလိုင်းတွေကို ဟူသီ စစ်သွေးကြွတွေက တိုက်ခိုက်နေခြင်းအပေါ် တုန့်ပြန်မှုအဖြစ် အမေရိကန်နဲ့ ဗြိတိန်က ၎င်းတို့နိုင်ငံကို တိုက်ခိုက်ခဲ့မှုအား ရှုတ်ချကြောင်း ပြသတဲ့အနေနဲ့ ယီမင်ပြည်သူ သောင်းချီဟာ ဇန်နဝါရီ ၁၂ ရက်က မြို့ကြီးတွေမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ယီမင်ရှိ ဟူသီစစ်ရေးပစ်မှတ်တွေကို ညသန်းခေါင်ချိန်မှာ လေကြောင်းတိုက်ခိုက်မှု ဒါဇင်ချီပြုလုပ်ခဲ့ကြပြီး ဂါဇာအပေါ် အစ္စရေးရဲ့ ထိုးစစ်ကနေ ပေါ်ပေါက်လာတဲ့ ဒေသတွင်း ပဋိပက္ခ ကျယ်ပြန့်လာခဲ့ပါတယ်။

“ယီမင်အပေါ် မင်းတို့ရဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒပဲဖြစ်တယ်” လို့ ဟူသီအဖွဲ့ရဲ့ အမြင့်ဆုံးနိုင်ငံရေးကောင်စီ အဖွဲ့ဝင် အလီ အယ်-ဟူသီက အမေရိကန်ကို ရည်ညွှန်းပြီး ပြောဆိုပါတယ်။ “အမေရိကန်ပြည်ထောင်စုဟာ မကောင်းဆိုးဝါးနိုင်ငံဖြစ်တယ်” လို့လည်း သူက ပြောခဲ့ပါတယ်။

မိမိတို့ဟာ အမေရိကန်ကမ်းရိုးတန်းတွေကို မတိုက်ခိုက်သလို အမေရိကန် ကျွန်းစုတွေမှာလည်း လှုပ်ရှားတာမျိုး မလုပ်ခဲ့၊ သူတို့ကိုလည်း မတိုက်ခိုက်ခဲ့ကြောင်း မိမိတို့နိုင်ငံအပေါ် သင်တို့ရဲ့ တိုက်ခိုက်မှုဟာ အကြမ်းဖက်ဝါဒသာဖြစ်ကြောင်း မစ္စတာ အယ်-ဟူသီက ပြောဆိုခဲ့ပါတယ်။

အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အီရတ်ပြည်သူ့စစ်အဖွဲ့ Harakat al-Nujaba က အမေရိကန် အကျိုးစီးပွားတွေနဲ့ အမေရိကန် မဟာမိတ်နိုင်ငံတွေအနေနဲ့ အခုကစပြီး ဘေးကင်းတော့မှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။ ဆာနာမှာ ဆန္ဒပြသူတွေဟာ အမေရိကန်နဲ့ အစ္စရေးအလံတွေကို ဖျက်ဆီးခဲ့ကြပါတယ်။ ဝါရှင်တန်ရဲ့ စာရင်းဇယားတွေအရ အမေရိကန်နဲ့ မဟာမိတ်တပ်တွေဟာ အောက်တိုဘာ ၁၇ ရက်မှစကာ အီရတ်နဲ့ ဆီးရီးယားမှာ တိုက်ခိုက်မှုပေါင်း အကြိမ် ၁၃၀ ထက်မနည်း ပြုလုပ်ထားတယ်လို့ သိရပါတယ်။

အမေရိကန်အနေနဲ့ ဒေသတွင်းကို တပ်ဖွဲ့တွေ ထပ်ပို့သွားဖို့ အစီအစဉ်မရှိဘူးလို့ ပင်တဂွန် ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ်ရိုက်ဒါက ပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here