ICJ မှာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို အစ္စရေး ငြင်းဆို

0
100

ဂါဇာဒေသမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေဟာ ပါလက်စတိုင်းပြည်သူတွေအပေါ် နိုင်ငံတော်ဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ဆောင်ချက် ဖြစ်တယ်ဆိုကာ တောင်အာဖရိကနိုင်ငံကကုလသမဂ္ဂထိပ်တန်းတရားရုံးမှာ စွဲတင်ခဲ့တဲ့ စွပ်စွဲချက်တွေဟာ လုံး၀ အလိမ်အညာတွေဖြစ်တယ်လို့ အစ္စရေးက သောကြာနေ့ ဇန်နဝါရီ ၁၂ ရက်မှာ ပယ်ချခဲ့ပါတယ်။

ဂါဇာ ထိုးစစ်ကို ရပ်တန့်ပေးရမယ်ဆိုတဲ့ တောင်ဖရိကရဲ့ တောင်းဆိုချက်ဟာ အစ္စရေးကို အကာ အကွယ်မဲ့သွားတဲ့အဖြစ် ရောက်စေမှာဖြစ်လို့ တရားသူကြီးတွေအနေနဲ့ ဒါကို ပယ်ချပေးဖို့လည်း အစ္စရေးက တောင်းဆိုခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံက ဒီဇင်ဘာလမှာ နိုင်ငံတကာ တရားရုံး (ICJ) မှာ တရားစွဲဆိုခဲ့တာဖြစ်ပြီး အစ္စရေးရဲ့ ထိုးစစ်ချက်ချင်း ရပ်တန့်ရေး အရေးပေါ်စီမံချက်အမိန့် ချမှတ်ပေးဖို့ ကြာသပတေး နေ့မှာ တရားသူကြီးတွေကို လျှောက်လဲ တောင်းဆိုခဲ့ပါတယ်။

အစ္စရေးရဲ့ ဝေဟင်၊ မြေပြင် ထိုးစစ်ဟာ ကျဉ်းမြောင်းတဲ့ ကမ်းရိုး တန်းဒေသအများအပြားကိုအပျက် အစီးပုံဖြစ်စေကာဇာဂါကျန်းမာရေး အာဏာပိုင်တွေရဲ့ အဆိုအရ လူပေါင်း ၂၃၀၀၀ ကျော် သေဆုံးခဲ့ရပြီဖြစ်ပြီး ဂါဇာရဲ့ လူဦးရေ ပျက်သုန်းခြင်း ဖြစ်ပေါ်စေဖို့ ရည်ရွယ်တာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဖြစ်ရပ်တွေအပေါ် တောင်အာဖရိကရဲ့ အနက်ဖွင့်ဆိုပုံဟာ အလွန်အမင်း ပုံဖျက်ထားမှုဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနရဲ့ ဥပဒေအကြံပေးဖြစ်သူ တဲလ်ဘက်ကာက တရားရုံးကို ချေပလျှောက်လဲခဲ့ပါတယ်။

လူမျိုးတုံး သတ်ဖြတ်မှုဆိုတာ ရှိခဲ့ရင်လည်း အစ္စရေးအပေါ် ကျူးလွန်ခဲ့မှုသာဖြစ်ပြီး ဟားမတ်စ် အဖွဲ့က အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်ဖို့ ကြိုးပမ်းနေတယ်လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။ အစ္စရေးမှာရော ပါလက်စတိုင်းမှာပါ အရပ်သားတွေ ထိတ်လန့်တုန်လှုပ်ဖွယ် ဒုက္ခကြုံရမှုဟာ ဟားမတ်စ်တို့ မဟာဗျူဟာရဲ့ ပထမဦးစားပေးနဲ့ အရေးကြီးဆုံး ရလဒ်ဖြစ်တယ်လို့ ဘက်ကာက ဆိုခဲ့ပြီး အစ္စရေးအနေနဲ့ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ရှိတယ်လို့ ချေပခဲ့ပါတယ်။ ၎င်းတို့ရဲ့ စစ်သွေးကြွတွေဟာ အရပ်သားတွေထဲမှာ ပုန်းအောင်နေထိုင်ကြတယ်ဆိုတဲ့ အစ္စရေးရဲ့ စွပ်စွဲချက်တွေကို ဟားမတ်စ်က ငြင်းဆိုခဲ့ပါတယ်။

အစ္စရေးဟာ ဟားမတ်စ်ကို ကာကွယ်စစ်ဆင်နေတာသာဖြစ်ပြီး ပါလက်စတိုင်းပြည်သူတွေကို မဟုတ်ကြောင်း၊ လူမျိုးတုံး သတ်ဖြတ်မှုရဲ့ အဓိက အစိတ်အပိုင်းဖြစ်တဲ့ လူမျိုးစု တစ်ရပ်လုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအပေါ် ဖျက်ဆီးဖို့ ရည်ရွယ်ခြင်းမျိုး လုံးလုံး ကင်းမဲ့နေတယ်လို့ ဘက်ကာက ပြောဆိုခဲ့ပါတယ်။

တောင်အာဖရိကဟာ အနောက် နိုင်ငံတွေက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့်သတ်မှတ်ခံထားရတဲ့ အစ္စလာမ်မစ် ဟားမတ်စ်အဖွဲ့အတွက် အာဘော်သဖွယ် ဆောင်ရွက်နေတယ်လို့ အစ္စရေးက ပြောဆိုခဲ့ပြီး တောင်အာဖရိကက ဒီစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပါတယ်။

ICJ ရဲ့ အဆုံးအဖြတ်တွေဟာ အပြီးအပြတ်ဖြစ်ပြီး အယူခံတက်ခွင့်မရှိပေမယ့် တရားရုံးအနေနဲ့ ၎င်းဆုံးဖြတ်ချက်တွေအပေါ် မဖြစ်မနေ လိုက်နာဆောင်ရွက်ရစေတဲ့ ပါဝါမျိုးတော့ မရှိကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here