မန္တလေးတိုင်း မြင်းစီးအားကစား ဆပ်ကော်မတီ စတင်ဖွဲ့စည်း၊ နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲတွင် ပါဝင်မည့် ကစားသမားများ စာရင်းကောက်ယူ

0
142

မန္တလေးတိုင်း၊ မြင်းစီးအားကစားဆပ်ကော်မတီစတင်ဖွဲ့စည်းခဲ့ပြီး၊ နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲတွင်ပါဝင်မည့် အားကစားသမားများစာရင်းကို တဆက်တည်း ကောက်ယူခဲ့ကြောင်း မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်၏ ယမန်နေ့ထုတ်ပြန်အသိပေးအချက်အရ သိရသည်။

အဆိုပါ ဆပ်ကော်မတီတွင်မန္တလေးတိုင်းဒေသကြီး ဆပ်ကော်ကော်မတီဝင်များ ရွေးချယ်ခဲ့ရာ၊ ဦးအောင်မြတ်ထွန်း-ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော အဖွဲ့ဝင် (၃၃)ဦးကို
ရွေးချယ်ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။

ထို့နောက် မကြာမီ ကျင်းပပြုလုပ်မည့် (၇၇) ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပြည်ထောင်စုတံခွန်စိုက်ဖလား မြန်မာ့ရိုးရာနှင့်နိုင်ငံတကာမြင်းစီးအားကစားပြိုင်ပွဲ၌ ကိုယ်စားပြူပါဝင်မည့် အားကစားသမားများနှင့် မြင်းများစာရင်းကိုကောက်ယူခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ်ကကြီးမှူး၍ မန္တလေးတိုင်းဒေသကြီးမြင်းစီးအားကစားဆပ်ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ ဇန်နဝါရီ (၁၂)ရက်က မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်အနီးရှိ“ Henry Farm Riding Club” ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မြင်းစီးအားကစားဆပ်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနားသို့ မြင်းစီးအားကစားအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးဌေးကျော်၊အဖွဲ့ချုပ် Compliance ဦးသန်းဝင်း၊အဖွဲ့
ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအောင်မြတ်ထွန်း ၊မန္တလေးတိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးကြည်မိုးဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး၊ပုသိမ်ကြီးမြို့နယ်အားကစားနှင့်ကာယပညာဦးစီးမှူးနှင့် မြင်းစီးအားကစားဝါသနာရှင်များတက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here