ရှမ်းပြည်မှသယ်ဆောင်လာသည့် ငွေကျပ်သိန်း (၄၄၀၀) တန်ဖိုးရှိ ဘိန်းဖြူ (၁၇) ဒသမ (၆) ကီလို ချမ်းမြသာစည်မြို့နယ်တွင် ဖမ်းဆီးရမိ

0
123

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇန်နဝါရီလ (၉) ရက် ညနေ (၆) နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ (ည)ရပ်ကွက်၊ ၁၄၀(C)လမ်း၊ ၆၇ x ၆၈ လမ်းကြားတွင် လှသိန်း(ခ)စိုင်းမောင်သိန်း မောင်းနှင်လာသည့် TOYOTA HARRIER မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့သည်။

ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ ဆပ်ပြာခွက် (၁၇၆၀) ခွက်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုးငွေကျပ်သိန်း (၄၄၀၀) တန်ဖိုးရှိ ဘိန်းဖြူ (၁၇) ဒသမ (၆) ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည (၇) နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅) ရပ်ကွက်၊ ၁၁၀ လမ်းနှင့် ၇၃ လမ်းထောင့်တွင် သိမ်းဆည်းရမိ ဘိန်းဖြူများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇော်ဝင်းထွဋ် နှင့် ရဲမင်းလှိုင် တို့ ၂ ဦးအား မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ ဘိန်းဖြူများအား ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရပြီး လက်ရှိအချိန်တွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားကာ ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here