မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် အမျိုးသား တစ်ဦး ဆိုင်ကယ် မတော်တဆ တိမ်းမှောက်ရာမှ အသက်ဆုံးရှုံး

0
279

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် အသက် (၂၇)နှစ်အရွယ် အမျိုးသား တစ်ဦး ဆိုင်ကယ် မတော်တဆ တိမ်းမှောက်ရာမှ အသက်ဆုံးရှုံးခဲ့ရကြောင်း မြရည်နန္ဒာလူမှူကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းရွာ အရှေ့ဘက်တွင် ဇန်နဝါရီ (၁၃) ရက် ည (၉)နာရီအချိန်ခန့်က ဆိုင်ကယ် တစ်စီး မတော်တဆ တိမ်းမှောက်မှု ဖြစ်ပွားကြောင်း ဖုန်းဆက် သတင်းပေးချက်အရ မြရည်နန္ဒာလူမှူကယ်ဆယ်ရေးအဖွဲ့မှ ဖြစ်စဉ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ဆောက်လက်စ အဆောက်အဦထဲက ချိုင့်ထဲကျသွားတာ လူနာမှာ စိတ်မကောင်းစွာဖြင့် အခင်းဖြစ်တဲ့နေရာမှာ ‌ေ-သဆုံးသွားရပါတယ်။ သူက အုန်းချောမှာ နေတာ အိမ်ပြန်တဲ့အချိန် လမ်းမှာဖြစ်တာပေါ့နော်။ အသက် ၂၇ နှစ်အရွယ်ပါ။”ဟု မြရည်နန္ဒာလူမှူကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။

၎င်းမှာ ပုသိမ်ကြီးမြို့နယ်မှ နေရပ် အုန်းချောကျေးရွာသို့ အပြန် ဆိုင်ကယ်မောင်းနှင်လာရာ လမ်း၌ ဆောက်လက်စ အဆောက်ဦထဲရှိ ချိုင့်ထဲပြုတ်ကျကာ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပြီး ရုပ်အလေ-ာင်းကို မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here