အင်းစိန်မြို့နယ်ရှိ ဆောက်လုပ်ရေးနှင့် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင် တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

0
149

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဆောက်လုပ်‌ရေးလုပ်ငန်းနှင့် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်တစ်ဆိုင်တွင် မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း အင်းစိန်မြို့နယ်မီးသတ်စခန်းနှင့် တွဲလက်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဇန်နဝါရီ (၁၃)ရက်၊ ည (၁၀) နာရီ (၂၇) မိနစ်အချိန်ခန့်က အင်းစိန်မြို့နယ်၊မြို့သစ်(ဂ)ရပ်ကွက်၊ဘုရင့်နောင်လမ်းရှိ ဆောက်လုပ်ရေးလုပ်ငန်းနှင့် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်တစ်ဆိုင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုများနှင့် လူမှုကူညီရေးအသင်းများမှ ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ငြှိမ်းသတ်ခဲ့ရာ ည (၁၀)နာရီ (၃၆)မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ည(၁၀)နာရီ (၄၄)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်စဉ် အသေးစိတ်နှင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here