ဟူသီတို့အားတိုက်ခိုက်ရန် ကန်ကာကွယ်ရေးဝန်ကြီး ဆေးရုံမှညွှန်ကြားနေ

0
194

ဝါရှင်တန်၊ဇန်နဝါရီ ၁၃

ကြာသပတေးနေ့ကစတင်ပြုလုပ်ခဲ့သည် ယီမင်ရှိဟူသီသူပုန်များ၏နေရာများအား အမေရိကနှင့်ဗြိတိန်တို့၏ပူးပေါင်းတိုက်ခိုက်မှုများကို အမေရိက ကဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ်ဆင်ရေးအတွက်လိုအပ်သည်များအား ဆေးရုံတက်နေရသည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဆေးရုံခန်းအတွင်းမှညွှန်ကြားနေခြင်းဖြစ်သည်ဟုသိရသည်။

မစ္စတာအော်စတင်သည် ဆီးကျိတ်ကင်ဆာခွဲစိတ်ရန် ဆေးရုံတက်နေရခြင်းဖြစ်ပြီး ယနေ့အထိ ဆေးရုံတက်နေရသည်မှာ ၁၂ ရက်ရှိလာပြီဖြစ်ကာ မည်သည့်အချိန်ပြန်ဆင်းရမည်ကိုမသိသေးကြောင်းလည်းပြောကြားခဲ့သည်။

သမ္မတဘိုင်ဒင်ကမူ မစ္စတာအော်စတင်အနေဖြင့် ၎င်းဆေးရုံတက်နေရပြီး ဆီးကျိတ်ရောဂါအတွက်ကုသမှုခံယူနေရသည်ဟူသည့် လျှို့ဝှက်ချက်ပေါက်ကြားသွားခဲ့သော်လည်း ပင်တဂွန်အကြီးအကဲဖြစ်သည့်မစ္စတာအော်စတင်အပေါ်ယုံကြည်မှုမပျက်သေးကြောင်းပြောကြားခဲ့သည်။

မစ္စတာအော်စတင်သည် ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက ဆေးရုံတင်ထားခဲ့ရခြင်းဖြစ်ပြီး မူလက အထူးကြပ်မတ်ကုသဆောင်၌ကုသမှုခံယူနေရာမှယခုအခါရိုးရိုးအခန်းသို့ရောက်ရှိနေပြီဖြစ်သော်လည်းဆေးရုံဆင်းခွင့်မရသေးကြောင်းသိရသည်။

Source : အေပီနူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here