အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ မေလတွင် ထိုင်ဝမ်သို့ သွားမည်

0
130

အမေရိကန် အောက်လွှတ်တော်မှ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် လာမည့် မေလတွင် ထိုင်ဝမ်သို့ အလည်အပတ်သွားရောက်နိုင်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်ဝမ် ရွေးကောက်ခံသမ္မတ လိုင်ချင်တီ၏ လုံခြုံရေးနှင့် ဒီမိုကရေစီရေးဆိုင်ရာ ကတိကဝတ်များကို အလေးပေးသည့်အနေဖြင့် မေလတွင် တိုင်ပေသို့လွှတ်မည့် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ရန် သက်ဆိုင်ရာ အောက်လွှတ်တော် ကော်မတီများ၏ ဥက္ကဋ္ဌများကို တောင်းဆိုမည်ဖြစ်ကြောင်းကိုလည်း ဂျွန်ဆင်က ပြောကြားခဲ့သည်။

ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီမှ ကိုယ်စားလှယ်လောင်း လိုင်ချင်တီသည် တိုင်ဝမ်ကျွန်း၏ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူများက ပြောကြားခဲ့သည်။ ထိုင်ဝမ်ဗဟိုရွေးကောက်ပွဲကော်မရှင်၏အဆိုအရ ၎င်းသည် မဲအရေအတွက် ၄၀ ဒသမ ၀၅ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး အတိုက်အခံ ကူမင်တန်ပါတီမှ ၎င်း၏ အနီးကပ်ပြိုင်ဘက် ဟိုယူယီက ၃၃.၄၉ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here