ကချင်တိုင်းရင်းသားများ၏ အနုပညာဖန်တီးမှုများကို ရုပ်သံလိုင်းများမှထုတ်လွှင့်ရန်စီစဉ်နေ

0
199

ကချင်တိုင်းရင်းသားများ၏ အနုပညာဖန်တီးမှုများကို ရုပ်သံလိုင်းများမှ ထုတ်လွှင့်နိုင်ရေးအတွက် စီစဉ်နေကြောင်း ကချင်အနုပညာရှင်များအသင်းချုပ်ဥက္ကဋ္ဌ JZ ဒေါင်လွမ်း၏ ပြောပြချက်အရ သိရသည်။

ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို အနုပညာလုပ်ငန်းများဖြင့် ပိုမိုထုတ်ဖော်ပြသနိုင်ရေးအတွက် ကချင်အနုပညာရှင်များအသင်းချုပ်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးမှုအပြီး ယခုခါ တိုင်းရင်းသားများ၏ အနုပညာဖန်တီးမှုများကို ရုပ်သံလိုင်းများမှ ထုတ်လွှင့်နိုင်ရေးအတွက် စီစဉ်နေကြောင်း သိရသည်။

“ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြုလုပ်တဲ့ ကချင်ပြည်နယ်နေ့အခမ်းအနားအပြီးမှာ ကချင်အနုပညာရှင်များအသင်းချုပ်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမှုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုတွေအရ ရုပ်သံလိုင်းတွေမှာ ကချင်တိုင်းရင်းသားတွေ ဖန်တီး ထုတ်လုပ်ထားတဲ့ ကချင်တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို အခြေခံတဲ့ အနုပညာထုတ်လုပ်မှုတွေ ပြသခွင့်ရဖို့ စီစဉ်နေပါတယ်”ဟု ကချင်နုပညာရှင်များအသင်းချုပ်ဥက္ကဋ္ဌ JZ ဒေါင်လွမ်းက ပြောကြားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here