ဖူးခက်ရှိဟိုတယ်တစ်ခု၌ ဧည့်သည်များဆီမှငွေခိုးယူမှုဖြင့် မြန်မာတစ်ဦးဖမ်းဆီးခံရ

0
195

ထိုင်းနိုင်ငံ ဖူးခက်ခရိုင်ရှိပတုံရဲစခန်းမှရဲတပ်ဖွဲ့ဝင်များသည် အသက် ၂၇ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသူဟိုတယ်ဝန်ထမ်းတစ်ဦးအား ရွှေထည်ပစ္စည်းများဝယ်ယူရန် နိုင်ငံခြားခရီးသွား ၃ ဦး၏ငွေသားများ ခိုးယူမှု၏ သံသယရှိသူအဖြစ်ဖမ်းဆီးခဲ့ပြီး အထောက်အထားများအနေဖြင့် ရွှေဆွဲကြိုးနှစ်ကြိုး၊ ရွှေလက်ကောက်နှစ်ကွင်းနှင့် ရွှေလက်စွပ်နှစ်ကွင်းတို့ ပါဝင်သည်ဟု သတင်းများကဖော်ပြခဲ့သည်။

ငွေသားခိုးယူခံရသည့် နိုင်ငံခြားသားသုံးဦးမှာ ဆွီဒင်နိုင်ငံမှအမျိုးသားတစ်ဦးနှင့်ဆိုက်ပရပ်စ်မှညီအစ်ကို နှစ်ဦးတို့ဖြစ်သည်ဟုလည်းဆိုသည်။ငွေပျောက်ဆုံးသည့် တိုင်ကြားချက်များအရ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက အဆိုပါဟိုတယ်အားစစ်ဆေးရန် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာချိန်၌ အမူအယာပျက်ပြီး ထူးထူးခြားခြား ပြုမူနေသည့် မြန်မာနိုင်ငံသူ မလှလှဝင်းအားတွေ့ရှိခဲ့ခြင်းဖြစ်ကာ ၎င်းသည် ဟိုတယ်နောက်သို့ပြေးသွားခဲ့ခြင်းကြောင့် ရဲများကလိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။

၎င်းသည် ငွေများ ခိုးယူခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဆိုင်အသီးသီးမှ လက်ဝတ်ရတနာများဝယ်ရန် ဘတ်ငွေ ၁၄၀,၀၀၀ သုံးစွဲခဲ့သည်ဟုလည်း ထွက်ဆိုခဲ့သည်။

ယခုလက်ရှိ‌၌မူ တရားခံအား ပတုံမြို့မရဲစခန်းသို့ ပို့ဆောင်ထားပြီး အမှုစစ်ဆေးရန်သက်သေပစ္စည်းများလည်းပေးပို့ထားကြောင်းသိရသည်။

Source : သည်ဖူးခက်နူးစ်


LEAVE A REPLY

Please enter your comment!
Please enter your name here