ဗီဇာမဲ့မြန်မာလုပ်သားများ တောင်ကိုရီးယားတွင် မကြာခဏဖမ်းဆီးခံနေရ

0
135

တောင်ကိုရီးယားနိုင်ငံတွင် ဗီဇာမဲ့ မြန်မာလုပ်သားတချို့မကြာခဏ ဖမ်းဆီးခံရကြောင်း အလုပ်သမားအရေးလှုပ်ရှားသူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဂယောင်ဂီပြည်နယ်၊ ဆုဝါန်၊ ဖြောင်းထက်၊ ဂွါန်ဂျုကြီးတို့တွင် မြန်မာလုပ်သား (၁၃)ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

ယင်းကဲ့သို့ ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများထဲမှ (၁၀) ဦးသည် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အပြန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ကျန် (၃) ဦးမှာလည်း ၎င်းတို့ အလုပ်လုပ်နေသည့် အလုပ်ရုံမှ အပြန်တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် တောင်ကိုရီးယားတွင် ရောက်ရှိနေသည့် ဗီဇာမဲ့ မြန်မာနိုင်ငံသားများအ‌နေဖြင့် သတိထားနေထိုင်ကြရန်နှင့် အိမ်ရှင် ကိုရီးယားနိုင်ငံသားများ မညိုညင်အောင်နေထိုင်ကြရန် မြန်မာလူမှုအဖွဲ့အစည်းများက သတိပေးထားသည်။

တောင်ကိုရီးယားနိုင်ငံတွင် မြန်မာလုပ်သား ၇၀,၀၀၀ နီးပါးရှိပြီး အချို့မှာ ဗီဇာမဲ့နေထိုင်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here