ထိုင်ဝမ်သို့ အမေရိကန်လွှတ်တော်အမတ်များ လာရောက်မည်ဆိုခြင်းကို တရုတ် ပြင်းပြင်းထန်ထန် ကန့်ကွက်

0
156

ထိုင်ဝမ်သို့ အမေရိကန် ကွန်ဂရက် ကိုယ်စားလှယ်အဖွဲ့များ လာရောက်လည်ပတ်မည်ဆိုခြင်းနှင့် အမေရိကန် အာဏာပိုင်များနှင့် ထိုင်ဝမ်အကြား တရားဝင် ဆက်သွယ်မှု မှန်သမျှကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း ဝါရှင်တန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူ Liu Pengyu က ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်မှ၏ ခွဲထွက်၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ တရုတ်သည် ထိုင်ဝမ်ဒေသနှင့် တရားဝင်အဆက်အသွယ်ရှိသည့် အမေရိကန်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်းတို့ကို သံတမန် Liu Pengyuက ပြောကြားပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာရန် အမေရိကန်ကို တိုက်တွန်းခဲ့သည်။

“အမေရိကန်သည် တရုတ်-အမေရိကန် ပူးတွဲကြေညာချက်သုံးရပ်ပါ ပြဋ္ဌာန်းချက်များကို လေးနက်စွာ လိုက်နာရန် လိုအပ်ပြီး ထိုင်ဝမ်နှင့် ဆက်နွှယ်သည့် ကိစ္စရပ်များကို သတိရှိရှိ ကိုင်တွယ်ဖြေရှင်းရန်၊ ထိုင်ဝမ်ဒေသနှင့် တရားဝင် အဆက်အသွယ် ဖြတ်ရန်၊ မှားယွင်းသော အချက်ပြမှုများကို ရပ်တန့်ရန်၊ ထိုင်ဝမ် လွတ်လပ်ရေးကြိုးပမ်းမှုများကို ရပ်တန့်ရန် လိုအပ်ပါသည်။ ခွဲထွက်ရေး အင်အားစုများနှင့် ပူးပေါင်းခြင်း ထိုင်ဝမ်ဒေသ ရွေးကောက်ပွဲများတွင် ဝင်ရောက်စွက်ဖက်ခြင်းတို့မှလည်း ရှောင်ကြဉ်ပါ” ဟုလည်း သံတမန် Liu Pengyu က ပြောကြားခဲ့သည်။

အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် လာမည့်မေလတွင် ထိုင်ဝမ်သို့ လာရောက်နိုင်ကြောင်း အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here