ဒီဇင်ဘာလအတွင်း ပြည်ပသို့ အလုပ်သမား ၉၀၀၀ ကျော်စေလွှတ်ထား

0
198

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ပြည်ပသို့ အလုပ်သမားဦးရေ (၉၀၀၀) ကျော်စေလွှတ်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏စာရင်း အချက်အလက်များအရ သိရသည်။

ပြည်ပသို့ စေလွတ်ခဲ့သည့် အလုပ်သမားဦးရေ စာရင်းတင်ပြချက်အရ ဒီဇင်ဘာလအတွင်း (၉၄၀၀) နီးပါးကို ပြည်ပအလုပ်အကိုင်အေဂျင်စီ (၄၇၀) ကျော်မှ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းသို့ အလုပ်သမားစေလွှတ်မှု အများဆုံးဖြစ်ပြီး ဂျပန်၊တောင်ကိုရီးယားနိုင်ငံသို့လည်း စေလွှတ်မှုရှိကြောင်း သိရသည်။

ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် စာရင်းကို အေဂျင်စီများအနေဖြင့် လစဉ်ပေးပို့ပြီး ဒီဇင်ဘာလအတွက် လချုပ် စာရင်းပေးပို့ရန်ကျန်နေသည့် အေဂျင်စီ (၁၈) ခုရှိကြောင်း သိရသည်။

” တခြားနိုင်ငံတွေက အလုပ်ခေါ်တာ နည်းတယ်။ ထိုင်းကအများဆုံးခေါ်တယ်။ ဒုတိယက ဂျပန်၊တတိယက ကိုရီးယားပေါ့။ မလေးရှားကတော့ နည်းတယ်”ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောသ ည်။

လက်ရှိတွင် ပြည်ပသို့ အလုပ်သမားစေလွှတ်ခွင့် ရထားသည့် အေဂျင်စီ (၅၀၀) နီးပါးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here