ကိုလံဘီယာ အဝေးပြေးလမ်းမတစ်ခုမှာ မြေပြိုမှုဖြစ်ပွားလို့ လူ ၃၄ ဦး ထက်မနည်း ‌ေ-သဆုံး

0
137

ကိုလံဘီယာနိုင်ငံ အနောက် မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ယာဉ်အသွားအလာရှုပ်ထွေးတဲ့ အဝေးပြေးလမ်းတစ်ခုမှာ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး လူ ၃၄ ဦးထက်မနည်း ‌ေ-သဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ ယင်းဖြစ်စဉ်အတွင်း တာဝန်ရှိသူတွေဟာ လူများစွာကို ကယ်ထုတ်ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

ဖြစ်စဉ်အတွင်း လူ ၃၄ ဦး ‌ေ-သဆုံးခဲ့ပြီဆိုတာကို အတည်ပြုနိုင်ကြောင်း ဒေသဆိုင်ရာ အစိုးရက ထုတ်ပြန်ခဲ့ပြီး ရုပ်အလေ-ာင်းတွေကို Antioquia ပြည်နယ်မြို့တော် Medellin ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေကို ရှာဖွေကယ်ဆယ်ဖို့အတွက် အခင်းဖြစ်နေရာကို ကိုလံဘီယာနိုင်ငံတစ်ဝန်းမှ ကယ်ဆယ်ရေးသမားတွေနဲ့ အနံ့ခံခွေးတွေ စေလွှတ်ပေးထားတယ်လို့ ထုတ်ပြန်ချက်မှာဆက်လက် ပြောဆိုပါတယ်။ ပြိုကျလာတဲ့ ရွှံ့မြေတွေဟာ လမ်းပေါ်က ကားများစွာကို လုံးလုံးနစ်မြုပ်သွားစေခဲ့တယ်လို့ သိရပါတယ်။

အစောပိုင်းမှာ ကိုလံဘီယာ ဒုတိယ သမ္မတက X လူမှုကွန်ရက်ပေါ် ပို့စ်တင်အသိပေးခဲ့ရာမှာ မြေပြိုပုံတွေအောက် ပိတ်မိသွားခဲ့သူတွေကို ရှာဖွေမှုတွေ ဆက်လုပ်နေတယ်လို့ ပြောဆိုထားခဲ့ပါတယ်။

Ref: Iran Press


LEAVE A REPLY

Please enter your comment!
Please enter your name here