ရက်ပေါင်း ၁၀၀ ရှိခဲ့ပြီဖြစ်သည့် အစ္စရေး – ဟားမတ်စ်စစ်ပွဲ

0
186

အစ္စရေးနှင့်ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲသည် ယနေ့ ဇန်နဝါရီ ၁၄ ရက်၌ ရက်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်သည်။

ပြီးခဲ့သည့်နှစ်အောက်တိုဘာလ ၇ ရက်နေ့က ဟားမတ်စ်က စတင်တိုက်ခိုက်ခဲ့သဖြင့် အစ္စရေးနိုင်ငံသား ၁,၁၀၀ ကျော်‌ေ-သဆုံးခဲ့ရပြီးနောက် အစ္စရေးက လေကြောင်းအဓိကအသုံးပြုပြီး ပြန်လည်တုန့်ပြန်တိုက်ခိုက်ခဲ့ရာ ယနေ့အထိ ပါလက်စတိုင်းဒေသခံများ သောင်းချီ၍‌ေ-သဆုံးခဲ့ပြီလည်းဖြစ်သည်။

အောက်တိုဘာလ တစ်လလုံးနှစ်ဖက်တိုက်ပွဲများပြင်းထန်နေခဲ့ပြီး အရပ်သားထိခိုက်မှုများနှင့် အဆောက်အအုံပျက်စီးဆုံးရှုံးမှုများလည်းများပြားခဲ့သည်။အစ္စရေးတိုက်ခိုက်မှုကြောင့်‌ေ-သဆုံးသူများတွင်အရပ်သားများနှင့်ကလေ-းသူငယ်များ၊အမျိုးသမီးများ များပြားခဲ့ကြောင်းလည်းသိရသည်။

အောက်တိုဘာ ၁၇ ရက်နေ့က ဂါဇာရှိဆေးရုံတစ်ရုံအား အစ္စရေး၏ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ‌ေ-သဆုံးမှုများပြားခဲ့ပြီး လူပေါင်း ၄၇၁ ဦး‌ေ-သဆုံးခဲ့သည်ဟု ဂါဇာကမ်းမြောင်ဒေသ၏ကျန်းမာရေးအကြီးအကဲကပြောကြားခဲ့သည်။

အောက်တိုဘာ ၁၈ တွင်မူ ပဋိပက္ခဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းဒေသသို့ အမေရိကန်သမ္မတသွားရောက်ခဲ့ပြီး အစ္စရေးအားထောက်ခံကြောင်းပြသခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အာရပ်ခေါင်းဆောင်များက စိတ်ထိခိုက်ခံစားခဲ့ရပြီး ဂျော်ဒန်ရှိ အမေရိကန်သမ္မတ နှင့်တွေ့ဆုံဆွေးနွေးမည့် အစည်းအဝေးကိုလည်းဂျော်ဒန်က ဖျက်သိမ်းခဲ့သည်။

ယင်းနောက် အောက်တိုဘာ ၂၀ တွင် ဟားမတ်စ်တို့သည့် အမေရိကန်နိုင်ငံသားနှစ်ဦးအား ဓ-ါးစာခံအဖြစ်ဖမ်းထားရာမှပြန်လွှတ်ပေးခဲ့ပြီး အောက်တိုဘာ ၂၁ မှစကာ အီဂျစ်မှတစ်ဆင့် ဂါဇာကမ်းမြောင်သေသို့  အထောက်အကူပြုပစ္စည်းများစတင်ပို့ဆောင်ပေးခဲ့သည်။အောက်တိုဘာ ၂၃ တွင်မူ အစ္စရေးမှသက်ကြီးရွယ်အို အမျိုးသမီးကြီးနှစ်ဦးအား ဓ-ါးစာခံအဖြစ်မှထပ်မံလွှတ်ပေးခဲ့သည်။

အောက်တိုဘာ ၃၁ ရက်ကပြုလုပ်သည့် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုကြောင့် Jabalia အမည်ရှိ ဂါဇာစစ်ရှောင်စခန်းတစ်ခုအား ထိခိုက်ခဲ့ပြီး လူပေါင်း ၅၀ ခန့်‌ေ-သဆုံးကာ ၁၅၀ ခန့်ဒဏ်ရာရခဲ့သည်ဟုလည်းသိရသည်။

နိုဝင်ဘာ ၂၁ ရက်တွင်မူ လေးရက်ကြာ နှစ်ဖက်အပစ်အခတ်ခေတ္တရပ်နားခဲ့ပြီး ဓ-ါးစာခံများလွှတ်ပေးခြင်း၊ ပုံမှန်ထက်ပိုများသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်ခဲ့သည်။ ပါလက်စတိုင်းကျန်းမာရေးအာဏာပိုင်များကမူ ယင်းအချိန်အထိ လူပေါင်း ၁၄,၀၀၀ ခန့်‌ေ-သဆုံးကာ ‌ေ-သဆုံးသူများအနက် ၄၀ ရာခိုင်နှုန်းသည် ကလေ-းငယ်များဖြစ်သည်ဟုလည်းဆိုသည်။ကမ္ဘာအရပ်ရပ်ရှိ ပါလက်စတိုင်းထောက်ခံသူများမှာလည်း ဂါဇာစစ်အားချက်ချင်းရပ်တန့်ရန် ဆန္ဒပြတောင်းဆိုမှုများကို အစဉ်တစိုက်ပြုလုပ်ခဲ့ကြသည်။

ထို့ကြောင့်ပင် အီရန်ကျောထောက်နောက်ခံပြု ယီမင်ရှိဟူသီသူပုန်များကလည်း ဟားမတ်စ်အားထောက်ခံကြောင်းပြသသည့်အနေဖြင့် ပင်လယ်နီအတွင်းသွားလာနေသည့် သင်္ဘောများအားတိုက်ခိုက်မှုများပြုလုပ်လာသဖြင့် ဒေသတွင်းအခြေအနေများတင်းမာမှုများရှိလာခဲ့သည်။ တင်းမာမှုများဆက်လက်မမြင့်တက်လာစေရေးအတွက် ကမ္ဘာ့ခေါင်းဆောင်အသီးသီးကကြိုးပမ်းလျက်ရှိပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသည်လည်း အရှေ့အလယ်ပိုင်းသို့ လေးကြိမ်ထက်မနည်းသွားရောက်ကာ ညှိနှိုင်းမှုများပြုလုပ်ခဲ့သေးသည်။

ကုလသမဂ္ဂကမူ ပင်လယ်နီအတွင်း ဟူသီတို့၏တိုက်ခိုက်မှုများအား ချက်ချင်းရပ်တန့်ရန်တောင်းဆိုခဲ့ပြီး အမေရိက ကမူ ဇန်နဝါရီလ ၁၂ ရက်နေ့မှစ၍ Operation Propersity Guardian အမည်ဖြင့် စစ်ဆင်ရေးတစ်ခုစတင်ကာ ပင်လယ်နီအတွင်း လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကိုနှောင့်ယှက်နေသည့် ဟူသီသူပုန်များကို လေကြောင်းဖြင့်စတင်တုန့်ပြန်တိုက်ခိုက်မည်ဖြစ်ကြောင်းကြေငြာကာ ပြန်လည်တိုက်ခိုက်ခဲ့သည်။

အစ္စရေး – ဟားမတ်စ်ပဋိပက္ခ ရက်ပေါင်း ၁၀၀ ပြည့်ခဲ့သည့် ယနေ့ ဇန်နဝါရီ ၁၄ ရက်တွင်လည်း စစ်ပွဲရက် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ကမ္ဘာအရပ်ရပ်ရှိ ပါလက်စတိုင်းထောက်ခံသူများက ထပ်မံဆန္ဒပြတောင်းဆိုစီတန်းလှည့်လည်မှုများလည်းပြုလုပ်လျက်ရှိသည်။

Ref 1 : ရိုက်တာ
Ref 2 : အယ်လ်ဂျာဇီးရာ
Photo credit : အယ်လ်ဂျာဇီးရာ


LEAVE A REPLY

Please enter your comment!
Please enter your name here