ဂါဇာတွင် မိမိတို့ တိုက်ခိုက်နေခြင်းကို “မည်သူကမျှ ဟန့်တားလိမ့်မည်မဟုတ်”ဟု နေတန်ယာဟုဆို

0
193

ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့နှင့် တိုက်ခိုက်နေသည့် စစ်ပွဲတွင် အစ္စရေးအောင်ပွဲမရရှိစေရန် မည်သူကမျှ တားဆီးလိမ့်မည်မဟုတ်ကြောင်း နှင့် ရပ်တန့်စေရန်ပြုလုပ်၍လည်း မရကြောင်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက စနေနေ့တွင် ပြောကြားခဲ့သည်။

“ဘယ်သူကမှ ကျုပ်တို့ကို တားမှာ မဟုတ်ဘူး၊ ‘သည်ဟေ့ဂ်’တရားရုံးကလဲ တားလို့မရဘူး။ တခြားဘယ်နိုင်ငံကမှလဲ တားမှာ မဟုတ်ဘူး။ မိစ္ဆာဝင်ရိုးတန်းနိုင်ငံတွေလဲ လာတားလို့မရဘူး။ ဒီတော့ကာ ကျုပ်တို့အောင်ပွဲရတဲ့အထိ ဆက်လုပ်ဖို့ပဲ လိုအပ်တယ်” ဟု နေတန်ယာဟုက ဂါဇာတွင် စစ်ပွဲများ ဖြစ်ပွားနေချိန်တွင်ပြုလုပ်သည့် ရုပ်မြင်သံကြားသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ယင်းစစ်ပွဲသည် တနင်္ဂနွေနေ့တွင် ရက်ပေါင်း ၁၀၀ ပြည့်ပြီဖြစ်သည်။

မိစ္ဆာဝင်ရိုးတန်းနိုင်ငံများဟု အစ္စရေးတို့က အမည်ပေးထားသော အရှေ့အလယ်ပိုင်းရှိ အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့များ၏ မဟာမိတ်အဖွဲ့နိုင်ငံများက “သည်ဟေ့ဂ်”မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားမျှတမှု တရားရုံးရှေ့မှောက်တွင် တင်သွင်းသည့် အစ္စရေး၏ ထိုးစစ်သည် ကုလသမဂ္ဂ၏ လူမျိုးတုံးသုတ်သင်မှု ကြိုတင်တားမြစ်ခြင်းဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်သည်ဟူသော ကိစ္စနှင့် ပတ်သက်၍ ၎င်းက ရည်ညွှန်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းနယ်မြေကို ဝိုင်းရံထားသည့် ဟားမတ်စ်တပ်အများစုကို ဖယ်ရှားပြီးဖြစ်ကြောင်းကိုလည်း နေတန်ယာဟုက ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here