GCC Fight One မှ စီစဉ်ကျင်းပသော မြန်မာ-ထိုင်း လက်ဝှေ့စိန်ခေါ်ပွဲတွင် ထွန်းထွန်းမင်း၏ညီ ထွန်းမင်းအောင်နှင့် မြန်မာဖိုက်တာများအနိုင်ရရှိ

0
200

GCC Fight One မှစီစဉ်ကျင်းပသော မြန်မာ – ထိုင်း လက်ဝှေ့စိန်ခေါ်ပွဲတွင် ခေါင်တွဲဆိုင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ထိုးသ-တ်သည့် လက်ဝှေ့ကျော် ထွန်းထွန်းမင်း၏ ညီဖြစ်သူ ထွန်းမင်းအောင် အပါအဝင် မြန်မာဖိုက်တာများ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှကြီးမှူးပြီး GREAT CAIRO CLUB စီစဉ်သော GCC FIGHT ONE ပြိုင်ပွဲကို ယနေ့ ဇန်နဝါရီ (၁၄)ရက်တွင် သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် အဓိကခေါင်တွဲဆိုင်းအဖြစ် ထွန်းမင်းအောင် (ထွန်းထွန်းမင်းကလပ်) နှင့် Taksila Kamsing (မွေထိုင်း)၊ ဒုခေါင်တွဲဆိုင်းအဖြစ် လူငယ်ခြေတက် သန့်ဇင် (တော်ဝင်ဧရာကလပ်) နှင့် Vachvicha (မွေထိုင်း) တို့၏ပွဲအ ပြင် အခြားတွဲဆိုင်းများလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

အဓိကခေါင်တွဲဆိုင်းဖြစ်သည့် ထွန်းမင်းအောင် နှင့် Taksila Kamsing) ပွဲစဥ်တွင် ထွန်းမင်း‌ေအာင်က ဒိုင်ပွဲရပ်ဖြင့်အနိုင်ရခဲ့ပြီး ဒုခေါင်တွဲဆိုင်းဖြစ်သည့် သန့်ဇင် နှင့် Vachvicha တို့၏ ပွဲစဥ်တွင် သန့်ဇင်က အလဲထိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here