ကမ္ဘာအေး ဘုရားလမ်းတွင် ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားရာ ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာရ

0
184

ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ်(၁)စီး တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်ပေါ်ရှိ အမျိုးသား(၁)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။

ယနေ့ ဇန်နဝါရီ (၁၅)ရက်၊ နံနက် (၈)နာရီ (၁၉)မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီး၊ မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါအမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ယာဉ်မှာ တိမ်းမှောက်မှုကြောင့် ပက်လက်လန်နေသည့်ကားကို ကရိန်းကားဖြင့် သယ်ယူခဲ့ရပြီး လမ်းများလည်း ခေတ္တပိတ်သွားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here