ပြင်ဦးလွင်တွင် ငွေကျပ် (၁) ဒသမ (၈) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား (၁၂) သိန်း ဖမ်းဆီးရမိ 

0
174

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် (၁) ဒသမ (၈) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၂ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဇန်နဝါရီလ (၇) ရက် ညနေ (၅) နာရီအချိန်ခန့်က မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာအနီးတွင် နောင်ချိုဘက်မှ မန္တလေးဘက်သို့ စိုင်းလှရွှေ မောင်းနှင်လာသည့် TOYOT A HIACE မော်တော်ယာဉ်ကို ရှာဖွေစစ်ဆေးခဲ့သည်။ 

ထိုသို့ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် (၁) ဒသမ (၈) ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေး ပြား (၁၂) သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သိမ်းဆည်းရမိ စိတ်ကြွရူသွပ်ဆေးပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ချက်အရ သိရသည်။

ထို့ကြောင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထု တ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here