ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးကွက်ထဲဒေါ်လာ ၆၆ သန်းကျော် ရောင်းချပေးထား

0
145

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်းသို့  ဒေါ်လာ ၆၆ သန်းကျော် ရောင်းချပေးထားကြောင်း သိရသည်။

ဗဟိုဘဏ်က ယနေ့ဇန်နဝါရီ(၁၅) ရက်တွင် နိုင်ငံခြားငွေဈေးကွက်အတွင်းသို့  ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချပေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၈) ရက်တွင် ကန်ဒေါ်လာ ၉ ဒသမ ၇၂ သန်း၊ (၂၁) ရက်တွင်ဒေါ်လာ ၁၂ ဒသမ ၄၃ သန်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီ (၁) ရက်တွင် ဒေါ် လာ ၁၂ ဒသမ ၉၄ သန်း၊ ဇန်နဝါရီလ (၅) ရက်တွင် ဒေါ်လာ ၁၆ သန်း ရောင်းချပေးထားပြီးဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် Online trading ငွေလဲနှုန်းကို ယခင် ၂,၉၂၀ နှုန်းထား သတ်မှတ်ထားရာမှ Market rate အတိုင်း ဒီဇင်ဘာ (၅) ရက်ကစပြီး လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုထားပြီးနောက်ပိုင်း သွင်းကုန်သမားများအဆင်ပြေစေရန်အတွက် နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာများကို ထုတ်ရောင်းပေးနေခြင်း ဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံ‌ခြားငွေကြေး ဈေးကွက်အတွင်း ဒေါ်လာထုတ်ရောင်းပေးရာတွင် ယခုတစ်ကြိမ်သည် ပဉ္စမအကြိမ်မြောက်ဖြစ်ပြီး ပြင်ပငွေကြေးဈေးကွက်အတွင်း၌ နိုင်ငံခြားငွေလဲလှယ်နှုန်းသည်လည်း အတတ်၊ အကျမရှိ တစ်ဒေါ်လာ ၃၄၅၀ ကျပ်ဖြင့် သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here