AFC Futsal Asian Cup 2024 ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းပြင်ဆင်​နေ

0
171

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း၏ AFC Futsal Asian Cup 2024 ပြိုင်ပွဲ အတွက် လေ့ကျင့်ပြင်ဆင်မှုများ ကို ဇန္နဝါရီ (၂၀) ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းနည်းပြချုပ် Mr. Bunlert Charoenwong သည် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်ရန် ပဏာမ ကစားသမား (၂၅) ဦး စာရင်းကို ယနေ့ ဇန်နဝါရီ (၁၅) ရက်တွင် ထုတ်ပြန်လိုက်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် ဧပြီလအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပမည့် AFC Futsal Asian Cup 20 24 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြိုင်ပွဲအကြို ပြင်ဆင်မှုအနေဖြင့် ဇန်နဝါရီ (၂၀) ရက် ညပိုင်းမှ စတင်၍ ဖေဖော်ဝါရီ (၁၁) ရက်အထိ စခန်းသွင်း လေ့ကျင့်မှုများ၊ ခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် အုပ်ချုပ်နည်းပြ (၉)ဦး၊ ကစားသမား (၂၅) ဦးနှင့် အတူ ဇန်နဝါရီ (၂၀) ရက်မှ ဖေဖော်ဝါရီ (၄) ရက်အထိ သုဝဏ္ဏကွင်းအတွင်းရှိ လက်ရွေးစင် ကစားသမားများ အဆောင်တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့နောက် ဖေဖော်ဝါရီ  (၅) ရက်တွင် အင်ဒိုနီးရှားနိုင်ငံ Sura baya မြို့သို့ ထွက်ခွာပြီး ဖေဖော်ဝါရီ (၇)ရက်နှင့် (၉) ရက် တို့တွင် အင်ဒိုနီးရှား ဖူဆယ်လိဂ် ချန်ပီယံ Bintang Timur Futsal Club အသင်း၊ ဖေဖော်ဝါရီ (၁၀)ရက်တွင် Regional East Java Team နှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here