ဖူးခက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ တရားမဝင်မြန်မာလုပ်သား ၂၀ ဦးဖမ်းဆီးခံရ

0
171

ဘန်ကောက်၊ဇန်နဝါရီ ၁၄

ထိုင်းနိုင်ငံ ဖူးခက်ခရိုင်ရှိ ဝီချစ်မြို့မှ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ တရားမဝင်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၂၀ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ဖူးခက်အာဏာပိုင်များ၏ကြေငြာချက်အရသိရသည်။

ဖူးခက်ရဲတပ်ဖွဲ့၏ပြောကြားချက်အရ ၎င်းတို့အနေဖြင့် တရားမဝင်လုပ်သားများဖြင့် ဆောက်လုပ်ရေးလုပ်နေသည့်လုပ်ငန်းခွင်အနီးရှိ ထိုင်းပြည်သူများ၏သတင်းပေးချက်အရ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုလည်းသိရသည်။

ဖမ်းဆီးခံရသည့်မြန်မာလုပ်သား ၂၀ ဦးအနက် ၁၃ ဦးမှာ အမျိုးသားများဖြစ်ကာ ကျန်ခုနစ်ဦးသည် အမျိုးသမီးများဖြစ်သည်ဟုလည်းဆိုသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသူများအား ဝီချစ်ရဲစခန်းသို့ပို့ဆောင်ကာ တရားမဝင်နိုင်ငံဝင်ရောက်မှုဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ကျန်အချက်အလက်များကိုမူ တာဝန်ရှိသူများက ဆက်လက်စစ်ဆေးနေကြောင်းသိရသည်။

Source : သည်ဖူးခက်အိတ်ဇ်ပရက်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here