​ခြောက်ကြိမ်​မြောက် (WCIFIT)ပွဲသို့မြန်မာလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန်ဖိတ်ခေါ်ထား

0
354

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြို့တွင် ကျင်းပပြုလုပ်မည့် “The 6th Western China International Fair for Investment and Trade (WCIFIT)” သို့ မြန်မာလုပ်ငန်းရှင်များ ပါဝင်တက်ရောက်ရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

အဆိုပါ ပွဲကို ၂၀၂၄ ခုနှစ်၊ မေလ (၂၄) ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

WCIFIT သည် တရုတ်နိုင်ငံ အနောက်ဘက်ဒေသရှိ အမျိုးသားအဆင့် နိုင်ငံတကာပွဲ ဖြစ်ကာ အရေးကြီးသော သံတမန်ရေးရာ၊ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး
ပလက်ဖောင်း တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာနှင့် ပြည်တွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေကြောင်း သိရသည်။

အဆိုပါ ပြပွဲတွင် ပါဝင်ပြသနိုင်ရန် 9㎡ standard booth တစ်ခန်းလျှင် Main Channel လျှော့‌ဈေး အတွက် 1500 RMB နှင့် second channel လျှော့ဈးအတွက် 1000 RMB ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပြပွဲပြသသူများအနေဖြင့် ကုန်သွယ်မှုညှိနှိုင်းမှုများပြုလုပ်ရန်နှင့် အနောက်နိုင်ငံများနှင့် စျေးကွက်ချဲ့ထွင်ရန်အတွက် စူပါမားကတ်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များကဲ့သို့သော အနောက်တိုင်းဒေသရှိ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊လုပ်ငန်းရှင်များတက်ရောက်ကြမည်ဖြစ်သည်။

ပြပွဲသို့ပါဝင်တက်ရောက်ရန် စိတ်ပါဝင်စားသည့်ကုန်သည်/စက်မှုအသင်းချုပ်ရှိသက်ဆိုင်ရာ ညီနောင်အသင်းများနှင့်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အသေးစိတ်အချက်အလက်များနှင့် မှတ်ပုံတင်ခြင်းကို Sukie Gu, Business Manager, Exhibition Division Chongqing, International Expo Center သို့ တိုက်ရိုက်စုံစမ်းမေးမြန်း၍  အမည်စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

ပါဝင်တက်ရောက်မည်ဆိုပါက မိမိတို့၏ Company Letter head ဖြင့် တက်ရောက်မည့်သူ၏ အမည်၊ ရာထူး၊ ကုမ္ပဏီ/လုပ်ငန်း/အသင်းအဖွဲ့အမည်၊ Email Address နှင့် ဖုန်းနံပါ တ်တို့အား ကုန်သည်/စက်မှု အသင်းချုပ်၊ အသင်းသားရေးရာဌာန၊ ပြပွဲဌာနစိတ်၊ Email: [email protected]၊ ဖုန်း ၀၁-၂၃၁၄၃၄၄ (Ext: ၃၀၁)၊ သို့ အမည်စာရင်း မိတ္တူ ပေးပို့နိုင်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here