လေးနိုင်ငံ လက်ဝှေ့စိန်ခေါ်ပွဲ မြန်မာကိုယ်စားပြု ရိုးရာလက်ဝှေ့ကျော် အဲမွီ ယှဉ်ပြိုင် ထိုးသ-တ်မည်

0
282

မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယားနှင့် အနောက်နိုင်ငံရှိ ထိပ်တန်းလက်ဝှေ့ကျော် လေးဦး၏ စိန်ခေါ်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ၊ မြန်မာနိုင်ငံကိုယ်စားပြု အနေဖြင့် ရိုးရာလက်ဝှေ့ကျော် အဲမွီ က ယှဉ်ပြိုင်ထိုးသ-တ်သွားမည်ဖြစ်ကြောင်း ပွဲစီစဉ်ကျင်းပမည့် ANS ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဉီးက ယနေ့တွင် ပေါ်ပြူလာနယူးစ်ကို ပြောကြားသည်။

အဆိုပါ စိန်ခေါ်ပြိုင်ပွဲအား လာမည့် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်သွားမည်ဟု ဆိုသည်။

စိန်ခေါ်ပွဲအား သုံးမိနစ် သုံးချီ အလဲထိုးစနစ်ဖြင့် ယှဉ်ပြိုင်ထိုးသ-တ်သွားကြမည်ဖြစ်ကြောင်း သိရသည်။

“အဲမွီ ဆိုတာက ရိုးရာလက်‌ဝှေ့ ချန်ပီယံပါ။ သူက (၆၃) ဒဿမ (၅) ပွဲစဉ်ရဲ့ ရွှေခါးပတ်ချန်ပီယံတစ်ဉီးပါ။ အခုယှဥ်ပြိုင်မယ့်ပွဲက 4 man မာရသွန်လို့ ပြောလို့ရပါတယ်။ လေးနိုင်ငံ က ထိပ်သီးလက်ဝှေ့ကျော်လေးယောက် စိန်ခေါ် ထိုးသတ်ကျမှာပါ။ ပွဲကတော့ကြမ်းမှာပါ။ကမ္ဘောဒီးယားနဲ့ အနောက်နိုင်ငံ က လာရောက်ယှဉ် ပြိုင်မယ့်သူတွေကိုတော့ မသိရသေးပါဘူး။ အနောက်တိုင်းကို ဖိတ်ခေါ်ထားပေမယ့် တရုတ် ကလည်းဖြစ်ရင်ဖြစ်သွားမှာပါ” ဟု ANS တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ရိုးရာလက်ဝှေ့ ချန်ပီယံတစ်ဉီးဖြစ်သူ အဲမွီသည် (၆၅)ကီလိုတန်း ရှိသူဖြစ်ပြီး၊ (၆၃) ဒဿမ (၅)ပွဲစဉ်၏ ရွှေခါးပတ်ချန်ပီယံတစ်ဦးလည်းဖြစ်ကာ Top Lethwei Academy တွင် လေ့ကျင့်နေသော ကစားသမားတစ်ဦးဖြစ်ကြောင်း သိရသည်။

ယင်း လေးနိုင်ငံရှိ ထိပ်သီးလက်ဝှေ့‌ကျော်လေးဦးတို့၏ စိန်ခေါ်ပွဲသည် ပရိတ်သတ်ကြိုက်နှစ်သက်မည့် ပွဲကောင်းတစ်ခုဖြစ် လာလိမ့်မည်ဟု ANS တာဝန်ရှိသူက သုံးသပ် ပြောကြားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here