သာကေတမြို့နယ်တွင် လမ်းဖြတ်ကူးသည့် သက်ကြီးပိုင်း အမျိုးသား တစ်ဦးကို ယာဉ်တစ်စီးမှ တိုက်မိရာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရ

0
259

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် လမ်းဖြတ်ကူးသည့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးအား ယာဉ်တစ်စီးမှ ဝင်ရောက်တိုက်မိရာ အတိုက်ခံရသူ အမျိုးသားမှာ ဦး ခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ဇန်နဝါရီ (၁၅)ရက် ည (၇)နာရီ (၁၀)မိနစ်အချိန်က သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး၊ ရှုခင်းသာအိမ်ရာအနီး မှတ်တိုင်တွင် လမ်းဖြတ်ကူးသည့် သက်ကြီးပိုင်း အမျိုးသားတစ်ဦးအား ယာဉ်တိုက်မှုဖြစ်ပွားကြောင်း ပြည်သူများမှ အကြောင်းကြားသဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သွားရောက်ကူညီခဲ့ခြင်းဖြစ်သည်။

“လမ်းဖြတ်ကူးတဲ့ သက်ကြီးပိုင်း အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရတယ်လို့ အကြောင်းကြားလာတာကြောင့် အချိန်နဲ့ တပြေးညီထွက်ခွာကူညီခဲ့ပါတယ်။ အသက်(၇၀)ဝန်းကျင်လောက်ရှိမယ်”ဟု အသင်းမှ ဆိုသည်။

အဆိုပါ ယာဉ်တိုက်ခံရမှုကြောင့် ဦးခေါင်းထိခိုက်ဒဏ်ရာရခဲ့သည့် အသက် (၇၀)ဝန်းကျင်ခန့် အမျိုးသားအား မြေပြင်ကုသမှုလုပ်ဆောင်ပေးပြီး ရှုခင်းသာလူမှုကူညီရေးပရဟိတအသင်း လူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here