One Championship တွင် မလေးရှားဖိုက်တာနှင့် မကျေပွဲပြန်လည်ထိုးသတ်မည့် ထွန်းမင်းနိုင်

0
229

လက်ဝှေ့ကျော် ထွန်းထွန်းမင်း၏ ညီဖြစ်သူ ထွန်းမင်းနိုင်သည် One Championship တွင် မလေးရှားဖိုက်တာနှင့်မကျေပွဲပြန်လည်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ထွန်းမင်းနိုင် နှင့် မလေးရှားဖိုက်တာ Kabilan Jelevan တို့သည်လာမည့် ဇန်နဝါရီလ (၁၉) ရက်တွင် ကျင်းပမည့် One Lumpinee (48) ဝမ်းဖိုက်ပြိုင်ပွဲတွင် မကျေပွဲအဖြစ် ပြန်လည် ထိုးသတ်ကြမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၄) ရက်က ထွန်းမင်းနိုင် နှင့် မလေးရှားဖိုက်တာ Kabilan Jelevan တို့ ပထမအကြိမ်ထိုးသတ်ရာတွင် ထွန်းမင်းနိုင်သည် ပထမအချီမှာပင် ပြိုင်ဘက် မလေးရှားဖိုက်တာ၏ အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ထွန်းမင်းနိုင်သည် One Championship တွင် (၄) ပွဲကစားရာ (၃) ပွဲအနိုင်ရရှိထားပြီး (၁) ပွဲရှုံးနိမ့်ထားသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။။


LEAVE A REPLY

Please enter your comment!
Please enter your name here