ပြင်ဦးလွင်တွင် လင်မယား စကားများရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ပြီး အမျိုးသမီးဖြစ်သူ ဒဏ်ရာအပြင်းအထန်ရ

0
164

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ နောင်ခမ်းကြီး၊ ရပ်ကွက်ကြီး (၂၀) ၌ လင်မယား (၂)ဦး စကားများ ရန်ဖြစ်ရာမှ ဓားထိုးမှု ဖြစ်ပွားပြီး အမျိုးသမီးမှာ စိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားရကြောင်း သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့ ဇန်နဝါရီ (၁၆)ရက် နံနက်အစောပိုင်းက လင်မယားနှစ်ဦး ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း သတင်းအရ သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ခြင်း ဖြစ်သည်။

“လင်မယားရန်ဖြစ်တာ အမျိုးသမီးမှာ ထိခိုက်ဒဏ်ရာရတာ ဒီမှာ ကုသဖို့ အဆင်မပြေလို့ မန္တလေးကို လွှဲပြောင်းထားရတယ်။ ကျန်တာအသေးစိတ်ကိုတော့ တာဝန်ရှိသူတွေ ဆက်လက်ဆောင်ရွက်သွားမှာပါ။”ဟု သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဓါးဖြင့် ထိုးခံရသည့်  အသက် (၁၈)နှစ်အရွယ် အမျိုးသမီးမှာ လည်ပင်းနှင့် မေးဖျားတွင် (စိုးရိမ်ရ) ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးသို့ (အချိန်မီ)ပို့ဆောင်ကူညီပေးခဲ့ပြီး ထိုမှတဆင့် မန္တလေးဆေးရုံကြီးသို့ လွှဲပြောင်းလိုက်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here