တိုင်းနှင့် ပြည်နယ် အချို့တွင် အချိန်ခါမဟုတ် မိုးထစ်ချုန်း ရွာသွန်းနိုင်

0
209

တိုင်းနှင့် ပြည်နယ် အချို့တွင် အချိန်ခါမဟုတ် မိုးထစ်ချုန်း ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဇန်နဝါရီ (၁၆) ရက် နံနက်ပိုင်းတွင် ထုတ်ပြန်အသိပေးထားသည်။

ယနေ့ညနေအထိ မန္တလေးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားနှင့် နေရာကျဲကျဲ မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး ရွာရန်ရာနှုန်း(၈၀)ဖြစ်ကြောင်း မိုး/ ဇလမှ ထုတ်ပြန်ထားသည်။

ထို့အပြင် နောက်(၂)ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ကြောင်းလည်း အသိပေးထားသည်။

ယနေ့ညနေအထိ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း နှင့် ချင်းပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေမည်ဖြစ်ပြီး မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ကြောင်း သိရသည်။

ယနေ့ညနေအထိ နေပြည်တော်နှင့် အနီးတစ်ဝိုက်တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး ရွာရန်ရာနှုန်းပြည့်ဖြစ်ကာ ရန်ကုန်မြို့နှင့် မန္တလေးမြို့အနီးတစ်ဝိုက်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here