ပူတင်နှင့် မိုဒီ ယူကရိန်းအရေးဆွေးနွေး၊ရွေးကောက်ပွဲအနိုင်ရစေရန်လည်း အပြန်အလှန်ဆုတောင်းကြ

0
147

မော်စကို၊ဇန်နဝါရီ ၁၅

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီတို့သည် ပြီးခဲ့သည့်တနင်္လာနေ့က ဖုန်းဖြင့်ဆက်သွယ်စကားပြောခဲ့ကြပြီး ယူကရိန်းအရေးနှင့်ပတ်သက်၍ဆွေးနွေးကြကာ ၎င်းတို့နိုင်ငံအသီးသီး၌မကြာမီကျင်းပတော့မည် ရွေးကောက်ပွဲရလဒ်များကောင်းမွန်ပါစေကြောင်းလည်း တစ်ဦးကိုတစ်ဦး ဆုမွန်ကောင်းတောင်းပေးခဲ့ကြသည်ဟု ခရင်မလင်သတင်းထုတ်ပြန်ချက်တစ်ရပ်အရသိရသည်။

ယင်းနောက် နှစ်နိုင်ငံခေါင်းဆောင်များသည် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးဖြစ်ထွန်းစေမည့် နှစ်နိုင်ငံဆက်ဆံရေးကိုပိုမိုအားကောင်းလာစေရန်အတွက် အားတက်သရောဆွေးနွေးခဲ့ကြပြီး ယူကရိန်းအရေးနှင့်ပတ်သက်၍လည်း ထိထိမိမိဆွေးနွေးခဲ့ကြကြောင်းလည်းသိရသည်။

အိန္ဒိယနိုင်ငံတွင်မကြာမီပြုလုပ်တော့မည့်် ပါလီမန်ရွေးကောက်ပွဲများနှင့် ရုရှား၌ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲများတွင်လည်း အသီးသီးအောင်မြင်မှုရရှိရန် အချင်းချင်းလည်းဆန္ဒပြုခဲ့ကြသည်ဟုသိရသည်။

အိန္ဒိယသည် ယူကရိန်းအရေးစတင်ချိန်ကတည်းက ရုရှားနှင့်ဆက်ဆံရေးအားအပျက်မခံခဲ့ဘဲထိန်းသိမ်းထားကာ အနောက်အုပ်စုနှင့်ဆက်ဆံရေးကိုလည်း အထိခိုက်မရှိအောင်ထိန်းသိမ်းခဲ့ပြီး အခါအားလျော်စွာ မော်စကို၏စစ်ရေးလှုပ်ရှားမှုများကို ဝေဖန်လေ့ရှိသည်။

Source : ရိုက်တာ/အီးစီ


LEAVE A REPLY

Please enter your comment!
Please enter your name here