ပန်ဆောင်မြို့တွင် နာဂရိုးရာ နှစ်သစ်ကူးပွဲတော် ကျင်းပ

0
206

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပန်ဆောင်မြို့ နာဂရိုးရာကွင်းတွင် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီလ (၁၅) ရက်က ကျင်းပခဲ့ကြောင်းသိရသည်။

နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို ပန်ဆောင်ဒေသတွင် နေထိုင်ကြသည့် နာဂတိုင်းရင်းသားများဖြင့် ကျင်းပကြခြင်းဖြစ်ဟည်။

အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ရပ်နီးရပ်ဝေးမှ မျိုးဆက်သစ် နာဂတိုင်းရင်းသား လူငယ်များအ‌နေဖြင့် မိမိရိုးရာယဥ်ကျေးမှုဓလေ့များ မပျောက်ပျက်အောင် အစဥ်အဆက် ထိန်းသိမ်းကာကွယ်စေရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်‌ကြောင်း ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးကော်မတီအတွင်းရေးမှူးထံက ပြောသည်။

နှစ်သစ်ကူးပွဲတော်တွင် အဖွင့်ဆုတောင်းပြီး ရိုးရာသီချင်းဖြင့် ဖွင့်လှစ်ကာ နာဂရိုးရာ စာပေနှင့် ယဥ်ကျေးမှု နာယက ဦးဇင်းဝမ်မှ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။

ဆက်လက်၍ နာဂရိုးရာတိုင်းရင်းသားများက နာဂရိုးရာ အကများ၊သီချင်းများနှင့် ကပြဖျော်ဖြေခဲ့ကြပြီး တက်ရောက် လာသည့် ဧည့်သည်တော်များကို ရိုးရာအစားအစာများဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here