YONEX SUNRISE INDIA OPEN 2024 ဝင်ရောက်ယှဥ်ပြိုင်မည့် သက်ထားသူဇာ

0
152

YONEX SUNRISE INDIA OPEN 2024ပြိုင်ပွဲကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဇန်နဝါရီ (၁၆) ရက်မှ (၂၁) ရက်အထိကျင်းပသွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈၅၀,၀၀၀ အထိ ဆုချီးမြှင့်သွားမည်ဖြစ်ကာ ထိုပွဲသို့မြန်မာ့ ကြက်တောင်အားကစားမယ် သက်ထားသူဇာဝင်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

သက်ထားသူဇာသည် အဆိုပါ ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ် မှတ်ချက်အရ (၃၂) ဦးအဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ကမ္ဘာ့အဆင့် (၂၂) ရှိ ဂျပန်ကြက်တောင်မယ် Nozomi Okuhara နှင့် မနက်ဖြန်တွင် ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။

ကမ္ဘာ့ကြက်တောင်အဖွဲချုပ်မှ လက်ရှိသတ်မှတ်ထားသည့် အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် သက်ထားသူဇာ၏ လက်ရှိ ကမ္ဘာ့အဆင့်မှာ (၄၀) ဖြစ်ပြီး သူမသည် 2024 Paris Olympics ကို ဝင်နိုင်ရန် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here