YONEX SUNRISE INDIA OPEN 2024 တွင်လည်း ရှုံးပွဲ ကြုံတွေ့ခဲ့သည့် သက်ထားသူဇာ

0
134

မြန်မာ့ကြက်တောင်အားကစားမယ် သက်ထားသူဇာသည် YONEX SUNRISE INDIA OPEN 2024 တွင်လည်း ရှုံးပွဲ ကြုံတွေ့ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြိုတွင် ဇန်နဝါရီ (၁၆) ရက်မှ (၂၁) ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈၅၀,၀၀၀အထိ ဆုချီးမြှင့်သွားမည်ဖြစ်ကြော င်း သိရသည်။

သက်ထားသူဇာသည် အဆိုပါပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်သတ် မှတ်ချက်အရ (၃၂) ဦးအဆင့်မှ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ကမ္ဘာ့အဆင့် (၂၂) ရှိ ဂျပန်ကြက်တောင်မယ် Nozomi Okuhara နှင့် ယနေ့နံနက် ယှဥ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ယှဥ်ပြိုင်ကစားရာ ပထမပွဲစဥ်၌ ၂၁ မှတ် ၁၁ မှတ်နှင့် ဒုတိယပွဲစဥ်၌ ၂၁ မှတ် ၁၂ မှတ်ဖြင့် သက်ထားသူဇာက ရှုံးနိမ့်ခဲ့ပြီး (၃၂) ဦးအဆင့်ဖြင့်သာ ကျေနပ်လိုက်ရသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် လက်ရှိသတ်မှတ်ထားသည့် အမျိုးသမီးတစ်ဦးချင်းအဆင့်တွင် သက်ထားသူဇာ၏ လက်ရှိကမ္ဘာ့အဆင့်မှာ (၄၀) ဖြစ်ပြီး သူမသည် 2024 Paris Olym pics ကိုဝင်နိုင်ရန် လိုအပ်သည့် အမှတ်များစုဆောင်းနိုင်ရန် အကောင်းဆုံးကြိုးစားနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here