ဂန္တဝင်တေးသံရှင်ကြီး ဦးမောင်မောင်ကြီး ရဲ့ နောက်ဆုံးခရီး

0
311

ခေတ်ဟောင်း ဂန္တဝင်တေးသီချင်းများစွာကို သီဆိုခဲ့တဲ့ တေးသံရှင် ဦးမောင်မောင်ကြီး က အသက်၉၃နှစ် အရွယ်မှာ လူကြီးရောဂါ နဲ့ ဇန်နဝါရီလ ၁၅ရက်နေ့ ညနေ၃နာရီ အချိန်ကွယ်လွန်သွားခဲ့ပါပြီ။

၁၉၄၇ ခုနှစ် အသက် ၁၆နှစ် အရွယ်တည်းက ဂီတလောက ကို စတင်ဝင်ရောက်ခဲ့တဲ့ ဦးမောင်မောင်ကြီး က ဂီတဆရာဦးလှဖေ နဲ့ အဆိုတော်ဦးအလီဆီ မှာ မဟာဂီတသီချင်းကြီးများကို လေ့လာသင်ယူခဲ့သူတစ်ဦးဖြစ်သလို ယဉ်ကျေးမှု အနုပညာပြပွဲပြိုင်ပွဲမှာလည်း မဟာဂီတ အဆိုရွှေတံဆိပ်ဆုကို ရရှိခဲ့သူဖြစ်ပါတယ်။

ဂန္တဝင်တေးသံရှင်ကြီး ဦးမောင်မောင်ကြီး က စည်သူဘွဲ့၊လူမှုထူးချွန် ပထမအဆင့် ၊ တတိယအဆင့်များကိုလည်း ရရှိခဲ့သူဖြစ်သလို ကျော်ကြားခဲ့သောတေးသီချင်းများ ကတော့ ရွှေညာဆီသွားမယ်၊အကျဉ်းတန်ချစ်သူ၊ကွမ်းတောင်ကိုင်၊မေတ္တာဇာတ်လမ်း၊ပင်တိုင်ကျော့မှူး၊မေတ္တာနုနုစေလာရင်ကွယ်၊စိမ်းလဲ့ညို၊အချစ်ကိုဘယ်လိုပြောရမယ်၊ကျိုက္ခမှသောင်ယံမှမောင်းမကန်အိပ်မက်အစရှိတဲ့တေးသီချင်းများဖြစ်ပါတယ်။

ဂန္တဝင်တေးသံရှင်ကြီး ဦးမောင်မောင်ကြီး ရဲ့ နောက်ဆုံးခရီး ကို ဒီကနေ့ ဇန်နဝါရီလ ၁၇ရက်နေ့ ရေဝေးသုဿန် မှာ ဂီတမောင်နှမ မိတ်ဆွေများစွာကလိုက်ပါ ပို့ဆောင်ပေးခဲ့ကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here