(၉) လအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်  MESE လုပ်ငန်း ၂၃၀၀ ကျော် မှတ်ပုံတင်ခဲ့

0
499

၂ဝ၂၃ ခုနှစ် ဧပြီလမှ ဒီဇင်ဘာလကုန်အထိ လုပ်ငန်းမှတ်ပုံတင် ၂၃ဝဝ ကျော် ဆောင်ရွက်ပေးခဲ့ကြောင်း အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း တရားဝင်ဖြန့် ဖြူးရောင်းချနိုင်စေရန်၊ ပြည်တွင်း ပြည်ပဈေးကွက်သို့ တိုးချဲ့တင်ပို့နိုင်စေရန်နှင့် စားသုံးသူများ ယုံကြည်စိတ်ချစွာ ဝယ်ယူစားသုံးနိုင်စေရန် မှတ်ပုံတင်များ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

“မှတ်ပုံတင်ပြုလုပ်ပေးတဲ့ လုပ်ငန်းအမျိုးအစား (၁၃) မျိုးရှိပါတယ်။ လုပ်ငန်းမှတ်ပုံတင်အများဆုံး ပြုလုပ်ပေးရတာကတော့ စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်”ဟု အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ရီရီလှိုင်က ပြောသည်။

လုပ်ငန်းမှတ်ပုံတင်ပြုလုပ်ခြင်းဖြင့် MSME Member အဖြစ် အသိအမှတ်ပြုခံရပြီး နည်းပညာပိုင်းဆိုင်ရာ အကူအညီ၊ အထောက်အပံ့များရရှိနိုင်ကာ လုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်စေရန် နိုင်ငံတော်မှ ပံ့ပိုးကူညီသော ချေးငွေအထောက်အပံ့များကိုလည်း ရရှိခံစားနိုင်ကြောင်း သိရသည်။

ထို့အပြင် ပြည်တွင်း၊ ပြည်ပ၌ ပြုလုပ်သော အလုပ်ရုံဆွေး နွေးပွဲများ၊ သင်တန်းများနှင့် ပြပွဲ၊ ပြိုင်ပွဲများ၌ ပါဝင်နိုင်မည့် အခွင့်အလမ်းများ ရရှိနိုင်သည့်အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ နှစ်စဉ်ကျင်းပလေ့ရှိသော ကုန်စည်ပြပွဲများတွင်လည်း ပါဝင်ပြသနိုင်ကြောင်း သိရသည်။

အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် ၂ဝ၂ ၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်း မှတ်ပုံတင် ၂၈ဝဝ ကျော် ဆောင်ရွက်ပေးရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here