ပုံနှိပ်/ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များ သက်တမ်းကုန်ပါက ရက် ၆၀ အတွင်း လဲလှယ်ရမည်

0
121

ပြန်ကြားရေး ဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေ ထွက်ရှိသည့် ၂၀၁၄ ခုနှစ် အောက်တိုဘာ (၁၀) ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ငါးနှစ်သက်တမ်း ခွင့်ပြုပေးထားသည်။

အဆိုပါ အသိအမှတ်ပြုလက်မှတ် သက်တမ်းကုန်ဆုံးပါကနည်းဥပဒေ (၂၁) အရ သက်တမ်း ကုန်ဆုံးသည့်ရက်မှစ၍ ရက်ပေါင်း (၆၀) အတွင်း သတ်မှတ်ပုံစံနှင့်အတူ အခကြေးငွေကျပ် တစ်သောင်းပေးသွင်း၍ ပြန်ကြားရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် လာရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အသိပေးထားသည်။

ထို့အပြင် သက်တမ်းကုန်လွန်သော အသိအမှတ်ပြုလက်မှတ်များဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခွင့် မရှိကြောင်းနှင့် သက်တမ်း ကုန်ဆုံးပြီး လုပ်ငန်းဆက်လက်လုပ်ကိုင်နေပါက ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here