ထိုင်ဝမ် ရွေးကောက်ခံသမ္မတကို ဂုဏ်ပြုစကားဆိုသော နိုင်ငံများအား တရုတ်ကရှုတ်ချခဲ့ပြီး ဖိလစ်ပိုင် သံအမတ်ကိုလည်း ဆင့်ခေါ်

0
217

ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ ထိုင်ဝမ် ရွေးကောက်ခံသမ္မတ လိုင်ချင်းတေကို ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ် ဂျူနီယာက ဂုဏ်ပြုစကားဆိုခဲ့တာနဲ့ပတ်သက်ပြီး တရုတ်အစိုးရက အင်္ဂါနေ့မှာ ဖိလစ်ပိုင် သံအမတ်ကို ဆင့်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်၊ ဂျပန်၊ စင်ကာပူနဲ့ ဥရောပနိုင်ငံ အများအပြား အပါအဝင် လိုင်ရဲ့ အနိုင်ရမှုအပေါ် ဂုဏ်ပြုစကားဆိုခဲ့ကြတဲ့ နိုင်ငံတွေကို တရုတ်က ဝေဖန်ရှုတ်ချခဲ့အပြီးမှာ ဖိလစ်ပိုင် သံအမတ်ကို ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။

ဒီမနက်မှာ လက်ထောက်ဝန်ကြီးက တရုတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင် သံအမတ်ကို ဆင့်ခေါ်ကာ လေးနက်တဲ့ ကိုယ်စားပြုမှုတွေ လုပ်ဆောင်ဖို့နဲ့ ဖိလစ်ပိုင်ဘက်ကနေ တရုတ်နိုင်ငံဘက်ကို တုန့်ပြန်ရှင်းလင်းချက်ပေးဖို့ တိုက်တွန်းခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံကတော့ မားကို့စ်ရဲ့ မှတ်ချက်တွေအပေါ် အပြင်းအထန် စိတ်မကျေနပ်မှုဖြစ်ရကြောင်းနဲ့ ပြတ်ပြတ်သားသားကန့်ကွက်ကြောင်း Mao က ပြောဆိုပါတယ်။

လစ်ဘရယ်ဘက်ယိမ်းသော လိုင်ဟာ ပြီးခဲ့တဲ့ စနေနေ့က ထိုင်ဝမ် သမ္မတရွေးကောက်ပွဲမှာ လွယ်လွယ်ကူကူပဲ အနိုင်ရခဲ့ပါတယ်။

တရုတ်ဟာ ဒီမိုကရက်တစ် ကျွန်းဒေသကို ၎င်းရဲ့ ပိုင်နက်အစိတ်အပိုင်းအဖြစ် သတ်မှတ်ထားကာ လိုအပ်ပါက အင်အားသုံး သိမ်းယူသွားမယ်လို့ ကတိပြုထားခဲ့ပါတယ်။ ပေကျင်းဟာ ထိုင်ဝမ်ကို အသိအမှတ်ပြုတဲ့နိုင်ငံတွေကို သံတမန်ဆက်ဆံရေး လုပ်ဆောင်ခြင်းမျိုးမရှိသလို ပြည်ပ အင်အားကြီးနိုင်ငံတွေက ထိုင်ဝမ်နဲ့ တရားဝင် အဆက်အသွယ်ပြုလုပ်တာတွေကိုလည်း ကန့်ကွက်ပါတယ်။

‘တရုတ်တစ်နိုင်ငံတည်း’ မူသတ်မှတ်ချက်ကို ချိုးဖောက်တဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မည်သူမဆိုဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို စွက်ဖက်တာ၊ တရုတ်ရဲ့ အချုပ်အခြာကို ချိုးဖောက်တာဖြစ်ပြီး တရုတ်ပြည်သူလူထုနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆန့်မှုကို ရင်ဆိုင်ရမှာဖြစ်တယ်လို့ Mao က ပြောဆိုသွားခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here