ထုံးဘို – မြစ်ငယ်လမ်းပေါ်တွင် အမျိုးသားတစ်ဦး ကားကြိတ်ခံရပြီး သေဆုံး

0
187

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထုံးဘို – မြစ်ငယ်လမ်း၊ မိုင်တိုင် (၃)မိုင် (၂) ဖာလုံအနီးတွင် အမျိုးသားတစ်ဦး ကားကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွားကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့် လောကပါလအသင်းထံမှ သိရသည်။

ယနေ့ ဇန်နဝါရီ (၁၇) ရက်၊ နံနက်(၈)နာရီခွဲအချိန်ခန့်က ထုံးဘို – မြစ်ငယ်လမ်း၊ မိုင်တိုင် (၃)မိုင်(၂)ဖာလုံအနီးတွင်  အမျိုးသားတစ်ဦး ကားကြိတ်ခံရပြီး သေဆုံးနေကြောင်း နယ်မြေခံ ရဲတပ်ဖွဲ့မှ အကြောင်းကြားလာသဖြင့် လောကပါလအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ယာဉ်အမျိုးစားလည်း မသိလိုက်ရဘူး။ နံပါတ်လည်း မသိလိုက်ဘူး။ အသေးစိတ်ကိုတော့ တာဝန်ရှိသူတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ။”ဟု လောကပါလအသင်းမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့ရသည့် အမျိုးသား အလောင်းအား မန္တလေးပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ကူညီခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူများမှ လိုအပ်သည်များ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here