သက်ဆင် လာမည့်လ၌ ခံဝန်ဖြင့်လွတ်မည်

0
193

ဘန်ကောက်၊ဇန်နဝါရီ ၁၇

ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ၎င်း၏ကျန်းမာရေးနှင့်အသက်အရွယ်ကြောင့် လာမည့်လမှစ၍ ခံဝန်ဖြင့်လွတ်လာမည်ဖြစ်ကြောင်း အကျဥ်းဦးစီးဌာနကပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် နိုင်ငံမှ ၁၅ နှစ်ကြာ ပြည်ပသို့တိမ်းရှောင်သွားရာမှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်၌ နိုင်ငံသို့ပြန်လည်ဝင်ရောက်လာပြီး အာဏာအလွဲသုံးစားပြုမှုဖြင့် ထောင်ဒဏ်ရှစ်နှစ်ချမှတ်ခံခဲ့ရခြင်းလည်းဖြစ်သည်။

သို့သော် ၎င်းအား တရားရုံးက အမိန့်ချပြီးပြီးချင်းည၌ပင် အသက် ၇၄ နှစ်အရွယ်ရှိပြီဖြစ်သည့် မစ္စတာသက်ဆင်သည် သွေးတိုးရောဂါနှင့်ရင်ကြပ်​ရောဂါများကြောင့် ညတွင်းချင်းဆေးရုံတင်ခဲ့ရပြန်သည်။

ယင်းနောက် ၎င်း၏ပြစ်ဒဏ်အတွက် ထိုင်းဘုရင်မင်းမြတ်၏ တော်ဝင်လွတ်ငြိမ်း ချမ်းသာခွင့်အရ ထောင်ဒဏ်ရှစ်နှစ်မှတစ်နှစ်အထိလျော့ကျသွားခဲ့သည်။၎င်း၏ကျန်းမာရေးအခြေအနေနှင့် ဆက်လက်စောင့်ကြည့်ရဦးမည့်အနေအထားကြောင့် မစ္စတာသက်ဆင်အား ရဲဆေးရုံ၌သာဆက်လက်ထားရှိရန်လည်းဆုံးဖြတ်ခဲ့ကြသည်။

သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများအား မီဒီယာများကမစ္စတာသက်ဆင်အနေဖြင့် လာမည့်ဖေဖော်ဝါရီ၌ လွတ်မြောက်နိုင်‌ခြင်းရှိမရှိမေးမြန်းရာတွင် မစ္စတာသက်ဆင်သည် ခံဝန်စည်းကမ်းများနှင့် ကိုက်ညီနေကြောင်းလည်းပြောကြားခဲ့သည်။

Source : ရိုက်တာ/ဂျီအေ


LEAVE A REPLY

Please enter your comment!
Please enter your name here